အသက်ခြွေကုတင် အပိုင်း ၁

22 1 0
                                    

အသက်ခြွေ ကုတင်
                        အပိုင်း(၁)

     ချမ်းအေးလွန်းလှသော ဒီဇင်ဘာည
ဖြစ်သည့်အပြင် ည၁၀နာရီပင်ထိုးလုပြီဖြစ်
သောကြောင့် ကားလမ်းက လူသွားလူလာ
မရှိတော့သလောက်ဖြစ်နေပြီး ကားဆက်
လည်းပြတ်လှချေပြီ။
     မြို့ပြင်နေရာဖြစ်သည်မို့ ဆူညံသံမရှိလှ
ဘဲတိတ်ဆိတ်ခြင်းကသာ မင်းမူ၍နေ၏။

     ကျော်မြင့်နှင့် သရဖီတို့ နှစ်ယောက်
ပျက်နေသောကား နံဘေး၌ စိတ်ပျက်လက်
ပျက်ဖြစ်နေကြ၏။
     ကျော်မြင့်က တက်သလောက်မှတ်သ
လောက်ကားစက်ဖုံးကိုဖွင့်ကာ ကားကိုကျန်း
မာရေးပြန်ကောင်းလာစေရန် ပြုလုပ်နေသော်
လည်းအခြေအနေက ထူးမလာခဲ့ပါ။
     သရဖီက အနွေးထည်ကြီးကိုဝတ်ထားလင့်
ကစားသူမ၏ လက်ဖဝါး၂ဖက်ကို အနွေးဓာတ်
ရစေရန် ပွတ်သပ်၍နေပြီး ကျော်မြင့်ကားပြင်
နေသည်ကို စောင့်ဆိုင်း၍နေ၏။

     အသစ်စက်စက် ဇနီးမောင်နှံများဖြစ်သော
ယင်းတို့စုံတွဲမှာ ပြင်ဦးလွင်ဘက်သို့ဟန်းနီး
မွန်းခရီးထွက်ခဲ့ကြပြီး အပြန်လမ်းတွင်ယခု
ကဲ့သို့ ကားပျက်ခဲ့ခြင်းဖြစ်သည်။
     ကားကြုံစောင့်၍ နီးစပ်ရာ တည်းခိုခန်း
သို့မဟုတ် ဟိုတယ်တစ်ခုခုသို့ သွားရန် စိတ်
ကူးကြသော်လည်း ကံဆိုးစွာပင် ကျော်မြင့်
ရွေးချယ်မောင်းနှင်ခဲ့မိသော ကားလမ်းက
ကားဖြတ်သွား ဖြတ်လာမရှိဖြစ်နေ၏။

     ကျော်မြင့်က မိနစ်၂၀ခန့်ကြာအောင်ပြု
ပြင်သည်အထိ အခြေအနေမထူးသဖြင့်
ကားစက်ဖုံးကိုပြန်ပိတ်လိုက်ရင်း စိတ်ပျက်
စွာပြောလာ၏။

     "ကားကလည်း ပြန်ကောင်းမယ်မထင်တော့
ဘူး...မနက်မှ ဝပ်ရှော့ဆရာ ခေါ်ပြင်ရတော့
မှာပဲ...
     ပျက်စရာနေရာရှားလို့ ဒီလိုကားသွားကား
လာကျဲတဲ့နေရာမှ ပျက်ရတယ်လို့ကွာ... ဒီည
တော့အကိုနဲ့ သရဖီ ကားပေါ်မှာပဲ အိပ်ရတော့
မယ်ထင်တယ်..."

     သရဖီက စိတ်ပျက်စွာသက်ပြင်းချလိုက်
ရင်း

     "ဘယ်တက်နိုင်ပါ့မလဲ အကိုရယ်...
ကားကြုံကလည်း လာမှ မလာတာ...
ရှားရှားပါးပါးဖြတ်သွားတဲ့ကားကျတော့
လည်း ရပ်မပေးဘူး..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now