18 0 0
                                    

အသက်ခြွေကုတင်
                        အပိုင်း(၆)

     လင်းယံက ဦးသီဟမေးခွန်းကြောင့် မျက်
နှာသိသိသာသာ ပျက်သွားပြီး ဦးသီဟကို မဝံ့
မရဲ သလိုကြည့်လာပြီးမှ

     "အဲ့ဒီ့ကုတင်ကြီးကို အိမ်အိုကြီးကနေ
ကားနဲ့တိုက်ယူပြီး အဲ့ဒီ့အိမ်ကိုကျွန်တော်ပို့
ခဲ့တာပါဦးလေး...."

     ဦးသီဟက မျက်မှောက်ကျုံ့လိုက်ရင်း

     "ဘာကွ.... မင်း...မင်းဘာလို့ အခုလို
လုပ်ရတာတုန်း...."

     လင်းယံက ချွေးစို့လာသော သူ၏နှဖူး
ပြင်ကို လက်ဖမိုးဖြင့်သုတ်လိုက်ရင်း

     "အဲ့ဒီ့သေသွားတဲ့ သတို့သမီး ပပက
ကျွန်တော့်ချစ်သူပါဦးလေး..."

     ဟေ....

     လင်းယံက ခဏတိတ်ဆိတ်နေပြီးမှ
သက်ပြင်းချလိုက်ပြီး ဆက်ပြော၏။

     "ဟုတ်တယ်.... ပပက ကျွန်တော်သူ့ကို လေး
နှစ်လုံးလုံး အနွံတာခံ ပေးဆပ်ပြီးချစ်ခဲ့တဲ့
မျက်နှာကို မထောက်ဘဲ ကျွန်တော့်ထက်ချမ်း
သာတဲ့ မျိုးကျော်ဆိုတဲ့ကောင်နဲ့ လက်ထပ်
ခဲ့တယ်လေ....
     ဒါကြောင့်... ကျွန်တော်ရူးမတက်ခံစားခဲ့ရ
တယ်.... သူတို့နှစ်ယောက်ကတော့ မင်္ဂလာ
ဆောင်မှာ ပြုံးပျော်နေကြတယ်...
     ကျွန်တော်လည်း သူတို့နှစ်ယောက်စလုံးကို
မုန်းတီးမိလာတာနဲ့ အောက်တန်းကျတဲ့
အတွေးတစ်ခုကို အကောင်အထည်ဖော်ခဲ့
မိတယ်ဗျာ....
     သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်
ကို သေစေချင်တဲ့ ရည်ရွယ်ချက်နဲ့... အဲ့ဒီ့
ကုတင်ကြီးကို သူတို့အိမ်ကို ရောက်အောင်
ကျွန်တော် မင်္ဂလာ လက်ဖွဲ့ပစ္စည်းအဖြစ် ပေး
ခဲ့မိတာပဲ...."

     "ဘာကွ.....မင်း...မင်းတော်တော် အောက်
တန်းကျတဲ့ကောင်ပါလား.... အခုမင်းရဲ့ အာဃာ
တတွေ အတ္တတွေကြောင့် လူတစ်ယောက်အ
သက်ဆုံးရှုံးလိုက်ရပြီကွ..."

     ဦးသီဟက ဒေါသတကြီးပြောလာသဖြင့်
လင်းယံ ပို၍ မျက်နှာငယ်လေးဖြစ်သွားပြီး

     "ကျွန်တော်လည်း....အခုနောင်တရနေတာ
ပါဗျာ.... ကျွန်တော်မှားခဲ့မိပါတယ်....
     အစက သွေးဆူပြီး အသည်းကွဲတဲ့ဒဏ်ကို
မရှုမလှ ခံစားနေရတဲ့အချိန်ဆိုတော့ သူတို့
ပျော်နေတာကို မနာလိုမုန်းတီးမိပြီး သူတို့ကို
ဒုက္ခပေးခဲ့မိတာပါ....
     ဒါပေမယ့်အခုတော့... ပပတကယ်သေသွား
တယ်ဆိုတာကို ကြားလိုက်ရတော့ ကျွန်တော့်
ရင်ထဲ မကောင်းပြန်ဘူးဗျာ....
     တွေးရင်းနဲ့.... နောင်တတွေ ရလာမိတယ်...
ကိုယ့်ကိုကိုယ်လည်း ခွင့်မလွတ်နိုင်အောင်
ဖြစ်နေတာပါဗျာ...."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now