အပိုင်း ၇

23 2 0
                                    


အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                        အပိုင်း(၇)

     ခြံထဲသို့ ဝင်လာသော ဇိမ်ခံကားအနက်
ရောင်ကြီးကို မြင်လိုက်သည်နှင့် မိုးသက်ထန်
မျက်နှာ ပြုံးယောင်သမ်းသွား၏။
     ကားကြီးက ကားဂိုထောင်တစ်ခုထဲသို့ ထိုး
ရပ်လိုက်ရင်း ကားပေါ်မှ လူတစ်ယောက်
ဆင်းလာ၏။ တန်ဖိုးကြီးအနောက်တိုင်းဝတ်
စုံ၊ စမက်ကျလှသော ခန္ဓာအနေအထား
နှင့် ခန့်ညားသော ဥပတိရုပ်က မိုးသက်ထန်
လောက် နီးနီးပင် ကြည့်ကောင်းသော ယောကျ်ား
ပျိုတစ်ယောက်ဖြစ်သည်။
    မုတ်ဆိတ်ကျင်ဆွယ်တို့ဖြင့် ဆံပင်ခပ်တိုတို
ပင်ညှုပ်ထားပြီး သူ၏အပြုံးနှင့် မျက်ဝန်း
များက မိုးသက်ထန်လို ကလေးမဆန်ဘဲ
ညို့ဓါတ်ပိုပါသည်ဟု ဒေဝီထင်မိသည်။

    ထိုသူ ကားပေါ်မှဆင်းပြီး အိမ်ထဲသို့ ဝင်
လာချိန်တွင် မိုးသက်ထန်က လက်ပြကာ
နှုတ်ဆက်လိုက်ရင်း

    "အကိုကြီး... ပြန်ရောက်တာ ကျွန်တော့်ကို
ကြိုလည်းမပြောဘူး..."

    ထိုသူက မိုးသက်ထန်ကို ပြုံး၍ပြန်ကြည့်
ရင်း မိုးသက်ထန်ထိုင်နေသော စားပွဲနှင့်မျက်နှာ
ချင်းဆိုင်တွင် ဝင်ထိုင်ရင်း

    "ငါ့ညီကို ပျော်အောင် ကိုကြီးက စပရိုက်
လုပ်လိုက်တာပါကွာ..."

    မိုးသက်ထန် ထိုသူ့ကို ကလေးလေး
တစ်ယောက်လို ပကာသနာမပါဘဲ ပြုံး၍
ကြည့်နေ၏။ ဒေဝီ အံ့ဩမိသည်။ မိုးသက်
ထန်၏ ပကတိ ဖြူစင်သော အပြုံးကို သူမ
ယခုမှပင် မြင်ဖူးခြင်းဖြစ်ပါ၏။
    ထိုသူမှာ မိုးသက်ထန်၏ အကိုမဟာ ဖြစ်
သည်ကို မေရန်ငြိမ်းက photo ကြိုပြထား
သဖြင့် ဒေဝီသိပြီးသားဖြစ်သည်။
    လောကကြီး၌ မိုးသက်ထန်ကို ဆုံးမနိုင်ပြီး
မိုးသက်ထန်အပေါ် ဩဇာရှိသော တစ်ယောက်
တည်းသော လူတစ်ယောက်မှာ မဟာပင်
ဖြစ်သည်။
    မဟာက မိုးသက်ထန်လိုမဟုတ် သိပ်မောက်
မာဟန်မရှိဘဲ မိုးသက်ထန်၏ အိမ်စေဝန်ထမ်း
များကိုပင် ပြုံးပြကာ နှုတ်ဆက်နေ၏။
    အိမ်စေ ဝန်ထမ်းအဟောင်းများက သူ့အား
မဟာ မှန်းသိပြီးသားဖြစ်သဖြင့် ရိုကျိုးစွာ
ဆက်ဆံကြ၏။ ဒေဝီနှင့်အတူ အလုပ်ဝင်သော
အိမ်စေအသစ်များမှာလည်း မိုးသက်ထန်ပင် လေးလေးစားစား ဆက်ဆံနေသော ထိုသူသည်
တော်ရုံပုဂ္ဂိုလ်မဟုတ်မှန်း သိပြီးဖြစ်၍ မျက်လုံး
ချင်းပင် ဆုံအောင်မကြည့်ရဲကြပါ။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now