၁၄

20 0 0
                                    

ပန်းခြွေမိစ္ဆာ
                   နှင့်
              သတ္တမမြောက် အပျိုစင်

                        အပိုင်း(၁၄)

         မင်းကျော် တောထဲ၌မျက်စိလည်နေသည်
မှာအတော်ပင်ကြာပြီဖြစ်သည်။ သူ၏အကိုနှင့်
အဖွဲ့သားများကိုလည်း အရိပ်အယောင်မျှပင်
မတွေ့ရသေးသဖြင့် စိတ်ပျက်လက်ပျက်ဖြင့်
စမ်းတဝါးဝါးသာ သွားနေမိသည်။
        ပတ်ဝန်းကျင်အနေအထားများကို ကြည့်
ရင်း တဖြည်းဖြည်းမင်းကျော်သတိထားမိလာ
သည်။ သူရွာနှင့်အတန်ငယ်နီးသော နေရာများ
သို့ပြန်လည်ရောက်ရှိနေခြင်းဖြစ်၏။ဤအတိုင်း
ဆိုလျှင် သူတို့၏စုရပ်ဖြစ်သောကျားဖြူတောင်
နှင့် ဆန့်ကျင်ဘက်သို့သွားနေမိခြင်းသာ ဖြစ်
သည်ကို မင်းကျော်တွေးမိလိုက်၏။
        သူလမ်းကြောင်းပြန်ပြောင်းကာ ကျား
ဖြူတောင်ရှိရာဘက်သို့ မှန်းဆကာလျှောက်
လာခဲ့သည်။
       တစ်နေရာအရောက်တွင် အနည်းငယ်နိမ့်
သော အောက်ဖက်မြေပြင်ကို ခုန်ဆင်းမည်ပြု
လိုက်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားပြီး ခြေ
လှမ်းကိုကမန်းကတန်းရပ်တန့်လိုက်၏။ အနိမ့်
ပိုင်းနေရာတွင်အတန်ငယ်ကျယ်ဝန်းသောနွံ့အိုင်
တစ်ခုကိုတွေ့လိုက်ရ၏။

       ပတ်ဝန်းကျင်အနေအထားနှင့် နွံ့အိုင်ကို
တွေ့လိုက်ရသောအခါ မင်းကျော်မဲ့ပြုံးပြုံး
လိုက်ပြီး လွန်ခဲ့သော ၂လလောက်ကအတိတ်
တစ်ခုကို တွေးမိလိုက်၏။

🕛🕧🕐

         ရာဂမုဆိုးမင်းကျော်က အပြုံးမပျက်ဘဲ
အဝတ်တို့ကို အေးဆေးစွာပြန်ဝတ်နေသော်
လည်း မမျှော်လင့်ဘဲအပျိုရည်ပျက်ခဲ့ရသော
မိန်းမပျိုလေးကတော့ စုတ်ပြဲနေသော အင်္ကျီ
ကို လက်ဖြင့်ဖုံအုပ်ထားရင်း တရှုံ့ရှုံ့ငိုကြွေးနေ
ရင်း....

       "လူယုတ်မာ..ရှင့်ကိုအဘတပည့်ဆိုတော့
စိတ်ထားမြင့်မြတ်မယ် ထင်ထားတာ တကယ်
တော့ ရှင်က လူယုတ်မာပဲ...ကျွန်မ အပျိုစင်
ဘဝကို အနိုင်ကျင့်ပြီးယူတယ်...ဟီး..ဟင့်..အ
ဟင့်...."

         "ဟား...ဟား...ဟုတ်တယ် ဇလပ်...ငါက
ယုတ်မာတယ်...အဲ့ဒီ့စကားလုံးနဲ့ ငါကယဉ်ပါး
နေပြီ...အဲ့လိုပြောလို့လည်းစိတ်မဆိုးတက်တော့
ပါဘူး...ဟား...ဟား...
         ငါ့အမှားချည်းပဲ မဟုတ်ဘူးလေကွာ...
မင်းအမှားလည်းပါတာပဲ...အဖော်မပါပဲ တော
ထဲကို မျှစ်လာချိုးတာ မင်းအမှားပဲ...မင်းကသိပ်
လှနေတော့ ငါလည်းစိတ်မထိန်းနိုင်ဘူးဖြစ်သွား
တာ...ဟား....ဟား...."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now