အခန်း ၁၆

117 3 0
                                    

နှလုံးသွေးနဲ့ ရေးတဲ့ကျိန်စာ
အပိုင်း(၁၆)

            တင်း...တောင်....

            လူခေါ်ဘဲလ် သံကြားလိုက်ရသဖြင့်
ဒေါ်တင်တင်ထားကိုယ်တိုင်ခြံတံခါးကိုဖွင့်ရန်
အိမ်ထဲမှထွက်လာခဲ့၏။ ယနေ့မှ သူမ၏အိမ်စေ
မိန်းကလေး ရွာပြန်နေသဖြင့် အိမ်တွင်သူမတစ်
ယောက်တည်းသာဖြစ်နေသည်။

           တံခါးဖွင့်လိုက်သည်နှင့် ခေါင်းတွင်ပတ်
တီးပင်မဖြည်ရသေးသော မိန်းကလေးတစ်
ယောက်ကိုတွေ့လိုက်ရသဖြင့် သူမမျက်မှောင်
အနည်းငယ်ကျုံ့လိုက်ရင်း

           "ဘာကိစ်စလဲသမီး..."

            "ဆရာမ...သမီးပန်းနုလေ ဒီကိုလာဖူး
တယ်လေ...မမှတ်မိဘူးလားဟင်..."

        ပန်းနု အသံတို့တုန်ယင်နေပြီးကြည့်ယုံ
နှင့်ကျန်းမာရေးမကောင်းမှန်း ဒေါ်တင်တင်ထားရိပ်မိ၏။

           "သမီးကို ဆရာမ မှတ်မိပါတယ်...ပန်းနု..
သမီးကောင်လေးက ဇာမဏီဆိုတဲ့ကလေး မဟုတ်လား..."

          "ဟုတ်..ဟုတ်ပါတယ်ဆရာမ...မောင်နဲ့အ
တူ ဆရာမဆီကိုတစ်ခေါက်ရောက်ခဲ့ကြဖူးပါ
တယ်...အခု...မောင်...မောင်ဆေးရုံမှာ သတိမရ
သေးဘူး ဆရာမ မောင့်ကိုကယ်ပါဦးနော်..."

           နတ်ဆရာမ ဒေါ်တင်တင်ထား ကျန်းမာ
ရေးချို့တဲ့နေပြီး နွမ်းလျနေသော ပုံစံရှိသော ပန်းနု
ကို ကြည့်ရင်း သနားသွားမိသည်။

          " သမီး...သမီးချစ်သူဆေးရုံမှာ သတိမရ
သေးတာ ဆရာဝန်တွေရဲ့အလုပ်လေ သမီးရဲ့
ဆရာမက ဘာတက်နိုင်မှာတုန်း..."

           "မဟုတ်ဘူး...ဆရာမ..မောင်က ရိုးရိုး
မေ့မျောနေတာမဟုတ်ဘူး...လိပ်ပြာအဖမ်းခံ
ထားရတာ..."

          " ဘာ...ဘယ်လို..."

           "ဟုတ်တယ်ဆရာမ မောင့်ကိုလူ့လောက
ထဲပြန်ရောက်လာအောင် ကြိုးစားလို့ရတယ်ဆို
တာ ပန်းနုအစီရင်စာအုပ်တစ်အုပ်ထဲမှာ ဖတ်
လိုက်ရတယ်...
           မောင့်ကိုပြန်ခေါ်ဖို့ အစီရင်ကိစ္စတွေကို
နားလည်တဲ့ သူတစ်ယောက်လိုအပ်တယ်လို့
စာထဲမှာပါတယ်... အဲ့ဒါ ဆရာမ မောင့်ကိုကယ်
ဖို့ ကူညီပေးပါနော်.... မောင်သတိပြန်မရလာဘဲ
တကယ်သေသွားရင် သမီးရူးသွားလိမ့်မယ်..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now