19 0 0
                                    

ပန်းခြွေမိစ္ဆာ
                 နှင့်
                   သတ္တမမြောက် အပျိုစင်

                        အပိုင်း(၂)

             ညအမှောင်က လောကကိုအုပ်စိုးထား
ပြန်၏။ လခြမ်းကွေးလေး၏မှုံဝါးဝါးအလင်း
ရောင်အောက်တွင် ဓမ္မချမ်းသာရွာလေးကား
ငြိမ်သက်တိတ်ဆိတ်နေပြန်တော့သည်။
            
          ယခုရက်ပိုင်းထူးခြားသောအဖြစ်အပျက်
များဖြစ်ပေါ်နေသောကြောင့် ညမှောင်သည်နှင့်
ရွာပြင်သို့သွားလာခြင်းမပြုကြတော့...အိမ်ထဲမှ
အိမ်ပြင်ထွက်သူပင် မရှိသလောက်နည်းပါးသွား
၏။

          ရွာခွေးတစ်ကောင်က ရုတ်တရက်ဆွဲဆွဲ
ငင်ငင်အူလိုက်သံမှာ အသည်းအေးစဖွယ်ဖြစ်
၏။

          အူ...ဝူ......အူ.......

           တစ်ကောင်စအူသဖြင့် အခြားခွေးများ
ကပါ လိုက်အူကြသဖြင့် ရုတ်တရက်တစ်ရွာလုံး
ခွေးအူသံတို့ညံ၍သွား၏။
       တစ်ရွာလုံး ကျွတ်ကျွတ်ညံအောင်ဆူသွား
တော့၏။

🕛🕧🕐

         ဦးမိုးမှောင် အစီအရင်တစ်ခုပြုလုပ်ရန်
သင်္ချိုင်းမှယူလာသော အရိုးခေါင်းကိုအဝတ်နှင့်
သုတ်ကာ သန့်စင်နေ၏။

         ထိုစဉ် သူ၏အနီးသို့ တပည့်ဖြစ်သူကျွဲ
ကြီးရောက်လာ၏။ ကျွဲကြီးမှာ ဦးမိုးမှောင်၏
အားအကိုးရဆုံးတပည့်ဖြစ်ပြီး နာမည်နှင့်လိုက်
အောင် အသားမည်းမည်း လူကောင်ကြီးကြီး
ဖြစ်၏။ အရပ်ခြောက်ပေ ဝန်းကျင်ရှိကာ သန်
စွမ်းသော ခြေလက်တို့ရှိ၏။ ဘန်တိုသိုင်းပညာ
ကို တက်ကျွမ်းကာ သာမာန်လူလေးငါး ယောက်
လောက်ကို အသာလေးအနိုင်ယူနိုင်သူဖြစ်၏။
        မျက်နှာမှာ အမြဲလိုလိုတည်နေပြီး ပြုံး
လျှင်လည်း ကျိုးတို့ကျဲတဲ သွားများကြောင့်
အကျည်းတန် လေသည်။ ယာဘက်ပါးပြင်တွင်
အမာရွတ်ထူထူကြီးတစ်ခုရှိပြီး မလှသောရုပ်
ရည်ကို ပို၍အကျည်းတန်စေရန် ပံ့ပိုးပေးနေ
၏။

          "ဆရာကြီး ကျွန်တော့်ကိုခေါ်တယ်လို့
တင်တင်ထားကပြောလို့..."

         ဦးမိုးမှောင်က အရိုးခေါင်းကိုအဝတ်ဖြင့်
သုတ်နေရင်း ကျွဲကြီးကို ပြန်မကြည့်ဘဲပြော၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now