အပိုင်း ၃၁

26 1 0
                                    


ရင်ကွဲတစ္ဆေ
                   
                       အပိုင်း(၃၁)

           အင်ကြင်းစံ၏ သူငယ်ချင်းများဖြစ်သော
ကျော်ကျော်၊ညီစော၊ကြည်ဇော်နှင့် ငုဝါတို့၄ယောက်
အင်ကြင်းစံထံ ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာကြ
သည်။ အင်ကြင်းစံ မကြာခဏပူးကပ်ခံနေရသည်ကို
သိသဖြင့်သတင်းလာမေးကြခြင်းဖြစ်သည်။

     သူမ၏ သူငယ်ချင်း၄ယောက်ကို အင်ကြင်းစံ
ကကျွန်တော်တို့နှင့်အပြန်အလှန်မိတ်ဆက်ပေး
လိုက်၏။ ကျွန်တော်တို့နှင့် မတိမ်းမယိမ်းလူငယ်
အဖွဲ့ပင်ဖြစ်သော်လည်း ရင်းနှီးမှု သိပ်မရှိကြသ
ဖြင့် ကျွန်တော်တို့ အဖွဲ့နှင့်ခပ်စိမ်းစိမ်းဖြစ်နေ၏။

    ဦးသီဟက ထို ၄ ယောက်အားကြည့်လိုက်ပြီး
ခြံထောင့်မြေကြီးထဲမှရခဲ့သော ဂျပန်ဓားတိုလေး
အား ထောင်ပြရင်း

     "ဒီဓားက သမီးအင်ကြင်းရဲ့ခြံထောင့်ကမြေကြီး
ထဲကေန ရခဲ့တာပဲ....
     ဒီဓားမှာရှိတဲ့ ဝိညာဉ်က သမီးအင်ကြင်းကို
အချိန်မရွေးနှောက်ယှက်လို့ရအောင် တမင်လုပ်
ချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီဓားကိုခြံထောင့်မှာ တစ်
ယောက်ယောက်က မြှုပ်ခဲ့တာပဲ...
     သမီးအင်ကြင်းပြောပြချက်အရ ဒီဓားကိုတွေ့ခဲ့ကြ
တာ သမီးအင်ကြင်းကိုဖယ်လိုက်ရင် မင်းတို့လေး
ယောက်ပဲရှိတယ်....
    ဒီဓားကို မင်းတို့၄ ယောက်ထဲက တစ်ယောက်
ယောက် ခြံထောင့်မှာ စိုက်ပြီးမြှုပ်ခဲ့တာ အသေအ
ချာပဲ...
     ဘယ်သူလုပ်တာလဲ...ပြီးတော့ သမီးအင်ကြင်း
ကို ဘာလို့ ဒုက္ခရောက်စေချင်တာလဲ..."

     ဦးသီဟ၏မေးခွန်းကို ၄ ယောက်စလုံး ခေါင်းခါ
ရင်းငြင်းကြ၏။

      "ကျွန်တော်လုပ်တာမဟုတ်ဘူး..."

       "မသိဘူးဗျ..."

       "မသိပါဘူး ဦးလေး..."

     အသီးသီး ငြင်းနေကြသော အင်ကြင်းစံ၏သူငယ်
ချင်းများကို ဦးသီဟပြုံး၍ကြည့်လိုက်ရင်း

        " ဒါဆို ဒီဓားက ဒီခြံထောင့်ကို သူဘာ့သာခြေ
ထောက်ပေါက်ပြီး ရောက်လာပြီး မြေကြီးထဲတိုးဝင်
သွားတာပေါ့ အဲ့လိုလား..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now