အပိုင်း ၁၄

28 1 0
                                    

အပိုင်း(၁၄)

          ရှိုင်းနေ နှင့်အုပ်စိုးဆိုဖာခုံနှစ်ခုတွင် မျက်
နှာချင်းဆိုင်ထိုင်ရင်း ဝီစကီအကောင်းစားတစ်
လုံးကို သောက်နေကြ၏။
         ရှိုင်းနေက ရေခဲထည့်ထားသောဖန်ခွက်ကို
လှုပ်၍ ကစားလိုက်ရင်း....

         "အုပ်စိုး...မင်းလည်းဇာမဏီ့ကို သတ်ချင်
တာပဲလား...ဘယ်လိုသွေးကြွေးရှိလို့လည်း..."

        "ရှိတာပေါ့ကွာ....ငါ့မှာညီတစ်ယောက်နဲ့
အကိုတစ်ယောက်ရှိတယ်...သူတို့လည်း ငါ့လို
ဂိုဏ်းစတားတွေပဲ...အင်း...အခုတော့ ၁ယောက်
က ထောင်ထဲမှာနှစ်ရှည်အောင်းနေရပြီ ဇာမဏီ
ဆိုတဲ့ကောင်ဖမ်းတာလေ...
        နောက်တစ်ယောက်ကတော့...ရဲကိုခုခံပြီး
ထွက်ပြေးတာ အဲ့ဇာမဏီဆိုတဲ့ကောင်လက်
ချက်နဲ့ပဲသေတာပဲလေ....ငါ့အကို ငါ့ညီရော ဒီ
ကောင့်ကြောင့် ဇာတ်သိမ်းမလှမပနဲ့အဆုံးသတ်
ကုန်ကြတာ...ငါဘယ်ကျေနပ်မလည်းကွ....
     အဲ့ဒါကြောင့် ဒီကောင့်ကိုသတ်ဖို့ ငါကြိုးစား
ဖူးတယ် ခေါင်းပေါ် ပန်းအိုးနဲ့ပစ်ချတယ်..ဒီ
ကောင်လွတ်သွားတယ်...ကားနဲ့တိုက်တယ်...
သူ့ကို ကောင်မလေးတစ်ယောက်ကကယ်သွား
တယ်...ဒီကောင်ကိုက ကံကောင်းနေတာ..."

       "ဘာ....ကောင်မလေးတစ်ယောက်ကကယ်
တာ..."

        "အေး..ဟုတ်တယ် ငါသေချာကိုမြင်လိုက်
တာ....တော်တော်မြန်ပြီးသန်မာတဲ့မိန်းကလေး
ပဲကြာ...."

        "ခင်ဗျားကားနံပါတ်ကိုမှတ်ပြီး ဒီကောင်ပြ
သနာမရှာဘူးလား...."

     "ကားနံပါတ်အမှန်ဘယ်တပ်ထားပါ့မလည်း
ကွ ငါလည်းဒီလောက်တော့မညံ့ပါဘူး...
        အခုလည်း...ဒီကောင့်ကိုလစ်တာနဲ့ရှင်းဖို့
ငါ ကြေးစား ၅ ယောက်ငှားထားတယ်....
ဒီကောင်တွေ အောင်မြင်ရင်တော့ အဲ့ကောင်
ဇာမဏီ ဘဝပြောင်းနေလောက်ပါပြီ...."

         ရှိုင်းနေက မျက်ခုံးကျုံ့လိုက်ရင်း...

           "အဲ့ဒါဆိုရင်တော့ မင်းရဲ့ကြေးစားတွေ
မအောင်မြင်ပါစေနဲ့လို့ပဲငါဆုတောင်းတယ်
အုပ်စိုး..."

        "ဘာဖြစ်လို့လဲကွ..."

    "ဘာဖြစ်လို့လဲ ဆိုတော့...အဲ့ဒီ့ကောင်ကိုငါ့
လက်နဲ့ပဲသတ်ချင်လို့ပဲ...ဒီကောင့်ကို နာကျင်မှု
တွေပေးပြီးမှသေစေချင်တာ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now