အပိုင်း ၇

45 5 0
                                    

ကယ်တင်ရှင် သေမင်း
  အပိုင်း(၇)

       ပန်းခြံလေးက လူစည်ကားနေသော်လည်း
မင်းသန့် လူသူအတန်ငယ်ရှင်းသော သစ်ပင်ကြီး
တစ်ပင်အောက်၌ ပန်းချီကားတစ်ချပ်ကို ရေး
ဆွဲနေ၏။
      မင်းသန့်က အလွန်ချမ်းသာသော မိဘများမှ
ပေါက်ဖွားလာသူဖြစ်ပြီး သူ၏ဖခင်က စီးပွား
ရေးလုပ်ရန် တိုက်တွန်းခဲ့သော်လည်း မင်းသန့်
ယခုတိုင် မိဘများ၏လုပ်ရိုးလုပ်စဉ်စီးပွားရေး
အလုပ်များကို စိတ်မဝင်စားသေးပါ။
        ကျောင်းပြီး၍ဘွဲ့လွန်လက်မှတ်များပင် ရပြီး
ခဲ့သော်လည်း စီးပွားရေးမလုပ်သေးဘဲ စိတ်ပျော်သ
လိုသာနေပြီး စိတ်ခံစားချက်ကိုသာ ဦးစားပေးနေ
၏။

    မိန်းကလေးတစ်ယောက်က မင်းသန့်ပန်းချီဆွဲ
နေသည်ကို ရပ်ကြည့်နေသဖြင့် ထိုမိန်းကလေး
ကို မင်းသန့်ကြည့်လိုက်မိသည်။
    သွားခေါခေါ ဆံပင်ဘုတ်သိုက်နှင့် မျက်နှာတွင်
မှဲ့ကျောက်များ ရှိရုံသာမက မျက်မှန်ခပ်ထူထူ
ကိုပါ တပ်ထားသေး၏။

     အကျည်းတန် လှသော ထိုမိန်းကလေးကို
မင်းသန့်ပြုံးပြလိုက်ရင်း

      " ညီမလေး ပန်းချီဆွဲတာ စိတ်ဝင်စားလို့လား..."

     ထိုမိန်းကလေးက ခေါင်းညိမ့်ပြရင်း

    "ဟုတ်အကို စိတ်ဝင်စားလို့ ညီမကြည့်နေတာ
အကို့အတွက် အနှောက်အယှက်ဖြစ်နေလား
မသိဘူး...."

    "ဪ...ရပါတယ်...မဖြစ်ပါဘူးညီမလေး..."

    ထိုမိန်းကလေးက မင်းသန့်အနားပို၍ကပ်လာ
ပြီး

    "အကိုပုံဆွဲတာ အရမ်းတော်တာပဲ... ပန်းချီ
သင်တန်းဖွင့်ထားသေးလား ညီမလာတက်ချင်လို့
ပါ..."

     မင်းသန့်က ပြုံး၍ခေါင်းခါလိုက်ရင်း

    "သင်တန်းတော့ မဖွင့်ပါဘူး ညီမလေး..."

    မိန်းကလေးက ပြုံး၍ခေါင်းညိမ့်ပြလိုက်၏။

    "ဪ...ဟုတ်..."

    မင်းသန့်က သူမကိုကျောခိုင်း၍ ပန်းချီဆက်ဆွဲ
နေပြန်၏။ ထိုမိန်းကလေးက မင်းသန့်နားသယ်
စပ်မှ ဆံပင်တစ်ချောင်းကို ဆွဲလိုက်ရင်း

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now