မိစ္ဆာချစ်သူ
အပိုင်း(၁၇)ဇာတ်သိမ်းပိုင်းမာယာ က သူမ၏အရှေ့သို့ ရောက်လာ
သောနေလကို ကြည့်လိုက်ရင်း တိုက်ခိုက်ရန်
အသင့်ပြင်၏။မိစ္ဆာမုဆိုး နေလကတစ်ကိုယ်လုံးသွေး
ချင်းချင်းရဲနေသော မာယာ့ကိုကြည့်ပြီးမဲ့ပြုံး
ပြုံးလိုက်ရင်း...."ငါ..နင့်ရဲ့အမြူတေကိုစားပြီးပြီ ငါ့ရဲ့အ
စွမ်းတွေ အများကြီးတိုးတက်နေပြီ...အမြူတေ
မရှိတော့လို့အားနည်းနေတဲ့ မိစ္ဆာကိုသတ်ရမှာ အနိုင်ကျင့်သလိုများဖြစ်နေမလားမသိဘူး....
ဟား...ဟား...."မာယာ ကလည်းပြုံးလိုက်ရင်း....
"လူသားက မိစ္ဆာအမြူတေကိုစားရင် ၃
ရက်နေမှ အစွမ်းတန်ခိုးစရတယ်ဆိုတာ ရှင်မသိ
ဘူးထင်တယ်....""ဟင်....ဘာ...ဘာကွ..."
"ဟုတ်တယ် ၃ရက်မပြည့်ခင်မှာ ရှင့်ရဲ့နဂို
ရှိပြီးသား ကာယသိဒ္ဓိအစွမ်းတွေ လျှင်မြန်မှုတွေ
ပါ ယာယီပျောက်ဆုံးနေပြီ....ဟင်း...ဟင်း....
ရှင်ကသေချာမသိဘဲ မိစ္ဆာအမြူတေကိုစား
တယ်...ရှင် ကိုယ့်သေတွင်းကိုယ်တူးတာပဲ....""ဟင်.....
ငါမယုံဘူးကွာ မင်းငါ့ကိုခြောက်နေတာ
ကဲကြာ...."ဝှစ်....ဝှစ်....
နေလ မာယာ့ကို အင်းဓားဖြင့်ပိုင်းခုတ်
တိုက်ခိုက်၏။ အမှန်တကယ်ပင် သူ၏ခန္ဓာကိုယ်
လေးလံနေ၏။တစ်ကြိမ်တွင် သူ၏ဓားကိုင်
လက်ကို မာယာဖမ်းမိသွားချေ၏။ဝှစ်...ဖက်....
"ဟင်....အား!!......"
မာယာ၏ လက်သည်းတို့က နေလ၏
ဝမ်းဗိုက်ကို ဖောက်ဝင်သွားချေတော့၏။ သူမ
၏ လက်ဝါးအတွင်း၌ အပြာရောင်တောက်ပ
နေသော အမြူတေလုံးလေးပြန်၍ ပါလာ၏။
နေလကတော့ နေရာ၌ပင်လဲကျသေဆုံးသွား
တော့၏။
ထို့နောက်သူမ အမြူတေလုံးကိုပြန်၍
ငုံလိုက်ပြီးမြိုချလိုက်တော့၏။သူမ၏ခန္ဓာကိုယ်မှ ဒဏ်ရာများရုတ်တရက်အားလုံးနီးပါးပျောက်
ကင်းသွားပြီး အားအင်တို့ပြန်လည် ပြည့်ဝလန်း
ဆန်းလာ၏။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇