အပိုင်း ၃၄

23 1 0
                                    


ရင်ကွဲတစ္ဆေ

                          အပိုင်း (၃၄)

     မေသော်တာ သင်တန်းမှအပြန်တွင်သူငယ်ချင်း
အိမ်သို့ ခဏဝင်နေသဖြင့် အိမ်ပြန်နောက်ကျသွား
ခဲ့သည်။ အချိန်က ည၈ နာရီပင်ကျော်နေပြီဖြစ်သည်
Taxi ပေါ်မှ ဆင်းဆင်းချင်းပင် သူမ၏အိမ်ရှိရာသို့
အမြန်ခြေသုတ်တင်ခဲ့သည်။
      အကိုဖြစ်သူ နေဇာဆူပူမှာကိုလည်း စိုးရိမ်နေမိ
သည်။ နေဇာက သူမအိမ်ပြန်နောက်ကျလျှင် ဆူပူ
တက်သော အကျင့်ရှိသည်ကိုသိထားသဖြင့် အလော
တကြီးပင် လျှောက်လာ နေမိသည်။

     ဝေါ...ဝဝေါ....

     ဒုန်း...

     "အွတ်!..."

     သူမ လျှောက်နေသော လမ်းကြောင်းမှန်သော်
လည်း ကားတစ်စီးက သူမအားအနောက်ဘက်မှ
အရှိန်ပြင်းစွာ တိုက်ချသွားတော့သည်။

   ရုတ်တရက် သူမ မရှုမလှပင် လိမ့်ထွက်သွားပြီး
ဓာတ်တိုင်နှင့် ဦးခေါင်းကို ထပ်စောင့်မိပြန်၏။

     ခွပ်..."အ....."

    ပြင်းထန်လှသော ဝေဒနာကို ခံစားရင်း ရုတ်
တရက်လျှင်မြန်စွာပင် အသက်ပျောက်သွားပြီး လော
ကကြီးကို နှုတ်ဆက်သွားရတော့သည်။

    ကားပေါ်မှလူက မျက်လုံးပွင့်လျှက်သား ငြိမ်သက်
နေပြီဖြစ်သော သူမကို ကြည့်နေရင်း ကားကိုမြန်မြန်
မောင်းကာ ထွင်ပြေးသွားတော့သည်။

     ဝေါ....ဝရော.....

☯☯☯☯☯

     ညနေအချိန်ကိုကျော်လွန်၍ ညီအကိုမသိတသိ
အချိန်သို့ပင်ရောက်လာခဲ့ပြီဖြစ်သည်။ဒေဝီ စာအုပ်
ဆိုင်မှ ဓမ္မစာအုပ်တစ်အုပ်နှင့် ကျိန်စာနှင့်ပါတ်သတ်
သော စာအုပ်ကလေးကိုဝယ်လာခဲ့ပြီး အိမ်ပြန်လာ
ခဲ့သည်။ သူမလိုချင်သော စာအုပ်အဟောင်းလေး
များက ဆိုင်ကြီးများတွင်မရှိတော့သဖြင့် ယခုလို
အဟောင်းဆိုင်လေးကို တကူးတကလာဝယ်ခြင်း
ဖြစ်သည်။
     လူသူရှင်းသော လမ်းကြားလေးမှ သူမ၏အိမ်သို့
လမ်းလျှောက်၍ပင်ပြန်လာခဲ့သည်။အိမ်နှင့်အနည်း
ငယ်လှမ်းသော်လည်း ကားယူမလာခဲ့ဘဲ တမင်လမ်း
လျှောက်ချင်၍ထွက်လာခဲ့ခြင်းဖြစ်သည်။
     လမ်းသွယ်လေးတစ်ခု၏ထောင့်ချိုးအကွေ့သို့အ
ရောက်တွင်

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now