အပိုင်း ၁၆

30 0 0
                                    

အပိုင်း(၁၆)

         ကျွန်တော်ခေါင်းတစ်ခုလုံးအုံခဲနေသော
ကြောင့်မျက်စိကို မနည်းအားယူဖွင့်ရ၏။ကိုက်
ခဲနေသော နားထင်ကိုလက်ဖြင့်ဖိထားရန် ညာ
လက်ကိုနားထင်ရှိရာသို့ လက်လှမ်းလိုက်ရာ
လက်မှာ လှုပ်ရှား၍မရဖြစ်နေ၏။အကြောင်းမှာ
ကျွန်တော့်၏ လက်နှစ်ဖက်ကိုလှုပ်မရအောင်
ကြိုးဖြင့်ချည်ထားခြင်းကြောင့်ဖြစ်၏။
        ကုတင်တစ်ခုပေါ်၌ရှိနေပြီးပက်လက်အနေ
အထားဖြင့်ခြေလက်များကို ကုတင်တိုင်တစ်ခုစီ
၌ ချီနှောင်ထား၏။ ကျွန်တော် ရုန်းကြည့်သေး
သော်လည်းကြိုးများက တင်းကြပ်လွန်းရကား
အချည်းအနှီးသာဖြစ်၏။
         အဆောက်အဦးပျက် တစ်ခုဖြစ်ပုံရ၏။
        မျက်နှာကြက်နေရာကို အမှတ်မထင်ကြည့်
လိုက်မိသည်နှင့် ကျွန်တော်အနည်းငယ်ထိတ်
လန့်သွားမိသည်။ မျက်နှာကြက်၌ ပုဆိန်သွားသ
ဏ္ဍာန် ဧရာမသံပြားကြီးက ကျွန်တော့်၏ခန္ဓာ
ကိုယ်အပေါ်၌ တွဲလောင်းချိန်ဆွဲထားချေ၏။ထို
ပုဆိန်သွားကြီးကို ကျွန်တော့်ခန္ဓာကိုယ်မှ ကြိုး
များဖြင့်ဆက်စပ်ချည်နှောင်ထား၏။ ကျွန်တော့်
ကိုချည်ထားသောကြိုးများထဲမှ တချောင်း
ချောင်းပြတ်တောက်လျှင် ထိုပုဆိန်သွားသည်
အရှိန်ဖြင့်ပြုတ်ကျလာကာ ကျွန်တော့်၏ခန္ဓာ
ကိုယ် ၂ ပိုင်းပြတ်မည်မှာ ဧကန်မလွဲရှိ၏။
       ထို့ကြောင့် ကျွန်တော်လည်း ဆက်လက်မ
ရုန်းကန်ရဲတော့ပဲ ငြိမ်သက်နေလိုက်ရ၏။ကျွန်
တော့်အဖြစ်က ကျွန်တော့်ကိုချီနှောင်ထားသော
ကြိုးများကိုပင် ခိုင်ခန့်ပါစေဟုဆုတောင်းနေရ
တော့၏။

         "သတိရပြီလားကွ...."

          ကျွန်တော် အသံကြားရသို့စောင့်ငဲ့ကြည့်
လိုက်သည်။ လူသုံးယောက် ကျွန်တော့်ကိုစောင့်
ကြည့်နေကြဟန်ရှိ၏။ အလယ်မှ တစ်ယောက်
က ရဲတပ်ဖွဲ့မှ သံသယဖြင့်စောင်ကြည့်ခံနေရသူ
အုပ်စိုးဖြစ်၏။သူ၏ညာဘက်တွင်တော့ ရဲတပ်
ဖွဲ့မှ အလိုရှိနေသော ရှိုင်းနေ၊ သူ၏ဘယ်ဘက်
တွင်တော့ အနက်ရောင်ဝတ်စုံဝတ်ထားသူဖြစ်
၏။ သူ၏နာမည်ကိုတော့ကျွန်တော်မသိပါ။

         ရှိုင်းနေက သတိရလာသောကျွန်တော့်ကို
ကြည့်ရင်း ခနဲ့သလိုရယ်လိုက်ရင်း....

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now