ရင်ကွဲတစ္ဆေ
အပိုင်း(၇)ကားပေါ်သို့ ထိုသူတက်လာပြီး ကုမ္ပဏီ
ဝန်ထမ်းတစ်ယောက်ချင်းကို လိုက်ကြည့်နေ၏။
ဝန်ထမ်းများနှင့် ဆင်တူဝတ်ထားသော ကျွန်
တော်တို့ကိုလည်း ဝန်ထမ်းများဟုပင်ထိုသူ ထင်
ပေလိမ့်မည်။
တဖြည်းဖြည်း ကားနောက်ပိုင်းသို့လျှောက်
လာပြီး တစ်ယောက်ချင်းကြည့်နေသဖြင့် ဧက
ရာဇ်နှင့် ရွှေနန်းစံအားမှတ်မိသွားမည်ကို ကျွန်
တော်အလွန်စိုးရိမ်နေမိသည်။
ဧကရာဇ်နှင့် ရွှေနန်းစံတို့၂ယောက်က
တော့ ရင်တဒိန်းဒိန်းခုန်နေပေလိမ့်မည်။
သို့သော်လည်း ကြိုတင်ပြင်ဆင်ထားမှု
ကြောင့် ဧကရာဇ်တို့အား ထိုသူရုတ်တရက်မ
မှတ်မိနိုင်ပါ။ ၂ယောက်စလုံး ဆံပင်ပုံစံပြောင်း
ထားပြီး မျက်နှာကိုလည်း မေရန်ငြိမ်း၏မိတ်
ကပ် အစွမ်းဖြင့် အနည်းငယ်ရုပ်ပြောင်းစေရန်
ဖန်တီးထားသည်မဟုတ်ပါလား...
ထိုသူ ဧကရာဇ်တို့ခုံရှိရာသို့ရောက်လာပြီး
ဧကရာဇ်နှင့် ရွှေနန်းစံကိုကြည့်သွားသော်လည်း
ရုတ်တရက် မှတ်မိပုံမရဘဲ ကုမ္ပဏီဝန်ထမ်းအ
စစ်များဟုသာ ထင်သွားပုံရ၏။ ကားပေါ်မှ
ဆင်းသွားပြီး သူ့လူများကိုလက်ဟန်ပြကာ
ပိတ်ထားသော ကားများကိုရှင်းလင်းခိုင်းလိုက်
တော့၏။
ကျွန်တော်တို့လည်း ယခုမှပင် သက်ပြင်း
ချနိုင်ကြတော့၏။အရှေ့မှပိတ်ရပ်နေသော ကားများရှင်း
လင်းသွားသည်နှင့် ကျွန်တော်တို့ပါဝင်သော ကု
မ္ပဏီကားကြီး ခရီးဆက်ခဲ့တော့သည်။ မေရန်
ငြိမ်း၏ မိတ်ကပ်ဖြင့်ရုပ်ပြောင်းရုပ်လွဲလုပ်နိုင်
သော ပညာကိုကျွန်တော်လေးစားမိသည်။
မေရန်ငြိမ်း ကသူ၏ပညာကို ဂုဏ်ယူ
သည့်အနေဖြင့် ကျွန်တော်နှင့် ရှိုင်းနေအားလှည့်
ကြည့်ပြီး ပြုံး၍မျက်ခုံးတစ်ဖက်ပင့်ပြ၏။
ကျွန်တော်နှင့် ရှိုင်းနေလည်း သူမ၏ပညာကို
လေးစားသည့်အနေဖြင့် ၂ယောက်စလုံးပြုံး၍
လက်မထောင်ပြမိကြ၏။🕛🕧🕐
နောက်ထပ် နာရီအနည်းငယ်အကြာတွင်
ကျွန်တော်တို့ကား ထမင်းဆိုင်တစ်ခုတွင်ခဏ
ရပ်နားကြပြီး ဝန်ထမ်းအားလုံးနှင့်အတူ ကျွန်
တော်တို့လည်း ကားပေါ်မှခဏဆင်းကြကာ
အညောင်းအညာဖြေကြ၏။ ထမင်းဆိုင်တွင်
ဝန်ထမ်းများနည်းတူ စားစရာများမှာစားနေကြ
သော်လည်း စားချင်စိတ်မရှိကြပါ။ လိုရာခရီးသို့
အမြန်ရောက်လိုစိတ်သာဖြစ်နေကြ၏။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇