အမှောင်ကမ္ဘာရဲ့ အလင်းရှင်အပိုင်း(၂၄)
လမ်းပေါ်တွင် လူသူရှင်းလင်းသည့်
အချိန်ကို ကြွက်ညိုတို့အဖွဲ့ စိတ်ရှည်နှင့်
စောင့်နေခဲ့သည်။
၁၀ မိနစ်ကျော်လောက်တွင် လမ်းပေါ်တွင်
ကျူရှင်တစ်ခုမှ လွှတ်လိုက်သော ကျောင်းသား
များ ရှင်းလင်းသွားပြီဖြစ်သည်။ ကွန်ဂရစ်
လမ်းပေါ်၌ လူသူပြန်လည်ကင်းမဲ့သွားပြန်ပြီး
လူသွားလူလာနည်းပါးသောလမ်းအဖြစ်
ပြန်လည်ဖြစ်တည်လာပြန်တော့သည်။
ကြွက်ညိုတို့အဖွဲ့က မိုးသက်ထန်ကားကို
ကုန်းမြင့်ပေါ်သို့ မောင်းတင်ထားပြီးဖြစ်ပြီး
မိုးသက်ထန်က ကားပေါ်တွင် သတိကောင်း
ကောင်းမရသေးဘဲ ကိုက်ခဲနေသောဦးခေါင်း
ကို နလန်မထူနိုင်သေးပေ။ကြွက်ညိုက သူ့လူတစ်ယောက်ကို ခပ်ထေ့
ထေ့ပြုံး၍ ခေါင်းညိမ့်ပြလိုက်ရင်း"ဒီကောင့်ကို သေမင်းဆီပို့ဖို့အချိန်တန်ပြီ
လုပ်လိုက်တော့..."ကြွက်ညိုနောက်လိုက်က ခေါင်းညိမ့်ပြ
လိုက်ရင်း မိုးသက်ထန်ကားကို စက်နှိုးလိုက်
တော့သည်။ဝူး!.... ဝရော....
လီဗာနေရာကို တုတ်တစ်ချောင်းနှင့်
ကျားကန်ထောက်ရန် တုတ်ကိုလီဗာပေါ်တင်
ရန် ဟန်ပြင်လိုက်စဉ်မှာပင်ဝှစ်!....
ဒုတ်!....
အ!....
လီဗာကို တုတ်ဖြင့်ကျားကန်ထောက်ရန်
လုပ်နေသူထံသို့ ကျောက်ခဲကြီးတစ်ခဲ လွင့်
လာပြီး ခေါင်းကိုထိမိသွားတော့သည်။"ဟာ!..."
"ဟင်!..."
ကြွက်ညိုတို့ အားလုံး အာမေဋိတ်သံများ
ထွက်သွားကြပြီး လှုပ်လှုပ်ရှားရှားဖြစ်သွား
ကြသည်။
ခေါင်းကို ကျောက်ခဲထိမှန်သူက ပြန်မထ
နိုင်တော့ဘဲ ခေါင်းမှသွေးတို့စိမ့်ထွက်နေပြီး
သတိမေ့လဲကျနေပြီဖြစ်သည်။ ကျောက်ခဲက
အတော်ပင်ကြီးမားလေးလံသည်မို့ အပစ်ခံ
ရသူမှာ အတော်ပင်အထိနာသွားပြီးပြန်မထ
နိုင်အောင်ဖြစ်သွားခြင်းဖြစ်သည်။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇