15 1 0
                                    

ပန်းခြွေမိစ္ဆာ   
                              နှင့်
                သတ္တမမြောက်အပျိုစင်

                        အပိုင်း(၆)

          ကျွန်တော်တို့ ဓမ္မချမ်းသာရွာကလေးသို့
ရောက်တော့ ညနေ ၄ နာရီထိုးလုပြီဖြစ်၏။ရွာ
လမ်းလေးအတိုင်း ကားဖြင့်ဝင်ခဲ့ကြပြီး ရွာလူ
ကြီး ဦးတိုက်မောင်းအိမ်သို့ မေးမြန်း၍ကားကို
မောင်းလာခဲ့၏။ ဧည့်သည်လာခဲသော ရွာဖြစ်၍
လားမသိပါ ကလေးအချို့ကျွန်တော်တို့ကား
အနောက်မှ ပြေးလွှားကစားရင်းလိုက်ပါလာကြ
သလို ရွာသားအချို့အိမ်ထဲမှထွက်လာပြီးရပ်
ကြည့်ကြ၏။
          ကားကိုသင့်တော်ရာတွင်ရပ်လိုက်ပြီး
ကျွန်တော်တို့ အထုတ်ကိုယ်စီယူကာ ဦးတိုက်
မောင်းအိမ်ရှိရာလာခဲ့ကြ၏။

          ရှေးဆန်ပြီးခန်းနားသော ကျွန်းအိမ်ကြီး
၏အိမ်ရှေ့ ကွပ်ပစ်၌ဆေးပေါ့လိပ်သောက်ရင်း
အတွေးနယ်ချဲ့နေသော လူကြီးတစ်ယောက်က
ကျွန်တော်တို့လူစုအား အကဲခတ်နေရင်းမှ ဒေဝီ့
ကို မြင်သွားပြီးနောက် ဝမ်းသာအားရ ကြိုဆို
တော့၏။(ဦးတိုက်မောင်းဖြစ်လိမ့်မည်ဟု ကျွန်
တော်တွေးမိပါသည်။)

      "ဟာ....သမီးဒေဝီတို့ရောက်လာကြပြီကိုး...
လာ...လာ...သမီးတို့အိမ်ပေါ်တက်ကြ..."

        အိမ်အပြင်ပန်းသာခန်းနားသည်မဟုတ်
အိမ်တွင်း၌လည်းမြန်မာရှေးလက်ရာတို့ဖြင့် ကျက်သရေရှိ ခန့်ညားလှပါသည်။
         ရွာလူကြီးအိမ်သို့ ကျွန်တော်တို့ရောက်ပြီး
မိနစ်ပိုင်းသာကြာ၏ အနီးပါတ်ဝန်းကျင်အိမ်
များမှရွာသူရွာသားအချို့ လာရောက်နှုတ်ဆက်
ကြ၏။ အချို့လည်း စားစရာများလာပို့ကြ၏။

         သူကြီးက သူ့ကိုယ်သူအရင်မိတ်ဆက်ပြီး
ရွာသူရွာသားအချို့နှင့်ကျွန်တော်တို့အား မိတ်
ဆက်ပေး၏။

       "သမီးဒေဝီကတော့သိပြီးသားပါ မောင်ရင်
နှစ်ယောက်နဲ့ တူမကြီးကမသိသေးတော့ မိတ်
ဆက်ပေးပါရစေ ဦးကရွာသူကြီးဦးတိုက်မောင်း
ပါ...ဒီတစ်ယောက်က ရွာကာလသားခေါင်း
ဖိုးထောင်တဲ့....ဒီဘက်ကတစ်ယောက်က သာဂိ
ဒီဘက်က ပိုးလုံး....ဒါကတော့ကျွန်တော်တို့ရွာ
ကျောင်းက ဆရာမလေးသက်ထား....ဒီတစ်
ယောက်က တင်တင်ထားတဲ့...တစ်ရွာလုံးအား
ကိုးနေရတဲ့ ဘိုးတော်ဦးဖြူစင်ရဲ့ မွေးစားသမီး
ဆိုပါတော့...."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now