အပိုင်း ၃၂

22 1 0
                                    

ရင်ကွဲတစ္ဆေ

                         အပိုင်း(၃၂)

     ရှိုင်းနေရော မေရန်ငြိမ်းပါ ဆာမူရိုင်းဆန်ဆန်
ဝတ်စုံလေးနှင့် ဒေဝီအားရုတ်တရက်မြင်လိုက်ရ
သဖြင့် အံ့အားသင့်သွားကြပြီး ပြုံးသွားကြ၏။

     ရှိုင်းနေက

     "အမယ်...ခုဏပြောတုန်းကတော့ ဓာတ်ပုံ
အရိုက်မခံချင်ဘူး ဘာညာနဲ့ အခုကျတော့ ငြိမ်း
ကိုအားကျပြီး လိုက်ဝတ်တာမို့လား...
    နင့်ဟာက သိုင်းသမားဝတ်စုံကြီးပါလား...ဓားကြီး
လည်းကိုင်လို့... ဒါပေမယ့် တစ်မျိုးတော့ကြည့်
ကောင်းသား မိုက်တယ်...အမယ်...သိုင်းသမား
မုသွင်းထားတာနေမယ် မျက်လုံးတွေတောင်နီလို့...
ရုပ်ခံကရှိတော့လည်း ဘာဝတ်ဝတ်ကိုမိုက်တာ...
so cute ဒေဝီ..."

     မေရန်ငြိမ်းက ရှိုင်းနေကို မျက်စောင်းထိုးရင်း

   "နင်နော်...ခုဏပြောတုန်းက ငါကအလှဆုံးဆို..."

     "ဟား...ဟား...ဟား...အေးပါဟာ...ခယ်မဝမ်းကွဲ
လေးဖြစ်လာမယ့်သူကိုလည်း ဖားရသေးတယ်
လေဟာ..."

      ဒေဝီ ရှိုင်းနေတို့ ၂ယောက်အား စကားလုံးဝ
ပြန်မပြောဘဲ ခပ်ထေ့ထေ့သာပြုံး၍ကြည့်နေရင်း
မစ္စတာခူမာနို အလှဆင်ထွန်းထားသော ဖယောင်း
တိုင်များကို ကိုယ်တပတ်လှည့်၍သိုင်းကွက်ထုတ်
ကာဓားဖြင့်ပိုင်းချလိုက်သည်။

     ဝှစ်...ဝှစ်...

     "ဟာ..."

     "ဟင်..."

     ရှိုင်းနေတို့ ၂ယောက်စလုံး အံ့အားသင့်သွားကြ
သည်။

     ဖယောင်းတိုင်ကြီး ၅ တိုင်မှာ ခါးလည်မှတိကနဲ
ပြတ်သွားသော်လည်း ချက်ချင်းပြတ်၍ပြုတ်ကျမသွားဘဲ
စက္ကန့်ဝက်ဆီကြာမှ အစဉ်လိုက်တစ်ခုပြီးတစ်ခု
ပြတ်ကျသွား၏။
     ပညာရှင်အဆင့်သိုင်းသမား တစ်ယောက်၏
ဓားစွမ်းရည်ပင်ဖြစ်သည်။

     """ဟား...ဟား...ဟား..."""

     ဒေဝီ့ရယ်သံမှာ မကျယ်လှသော်လည်း မာန်သံ
ပါပြီး ကြားရသူကို မသိမသာသိမ်ငယ်သွားစေနိုင်
သော ညို့ငင်အားတစ်မျိုးပါနေ၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now