ရင်ကွဲတစ္ဆေ
အပိုင်း(၁၅)
စက္ကန့်ပိုင်းအတွင်း၌ ကေသီ့ကိုဖမ်းမိသွားပြီး သူမ၏ဆံပင်များကို ဆုတ်ကိုင်ကာ ဆောင့်ဆွဲလိုက်၏။ သူမအရုပ်ကြိုးပြတ်ပင် မြေပြင်ပေါ်လဲကျသွား
တော့သည်။အား...ဘုတ်...
"နင်ကများ ငါ့ကိုဖော်ကောင်လုပ်ချင်သေးတယ်...
ငါ့ကို ရဲတွေတောင်မဖမ်းနိုင်သေးတာ နင့်လိုဘာ
မဟုတ်တဲ့ ကောင်မကဖမ်းဖို့ကြိုးစားချင်တယ်ဟုတ်
လား...ဓာတ်ပုံရိုက်ပြီး ရဲကိုသတင်းပေးမယ်ပေါ့...
ကိုယ်နဲ့ မဆိုင်တာဝင်ရှုပ်တဲ့ဟာမ နင်မရှုမလှသေဖို့
သာပြင်ထား...."ကေသီ သူမ၏လည်တိုင်ကိုဆုတ်ကိုင်လာသော
ထိုသူ၏မျက်နှာကို မသတီစွာကြည့်လိုက်ရင်း..."လူယုတ်မာ...သားသမီးချင်းကိုယ်ချင်းမစာဘူး...
အားနွဲ့တဲ့ ကလေးအရွယ်မိန်းကလေးကို မုဒိန်းကျင့်
ပြီးရက်ရက်စက်စက်သတ်တယ်...အောက်တန်းအ
ကျဆုံးကောင်..."အဆီပြန်နေသော မျက်နှာကြီးဖြင့်သူမကိုစိုက်
ကြည့်ရင်း လက်ကြမ်းကြီးဖြင့် သူမ၏လည်တိုင်ကို ဖိကိုင်ကာ ဆုတ်ထားရင်း..."လူသတ်တယ်ဆိုတာ ငါ့အတွက်မဆန်းတော့
ဘူး..ဟား...ဟား...ဟား...သောက်ချိုးမပြေတဲ့
ကောင်မတွေကို အဲ့လိုလုပ်ပြီးသတ်နေကျရှင်းလား....ကောင်မတွေက ရုပ်ချောပြီးငွေရှိတဲ့ကောင်
တွေကိုကျတော့ ခွေးလိုအမြီးနှံ့နေကြတယ်...ငါ့
လိုသောက်ငမွဲ ရုပ်ဆိုးကျတော့ ယောင်လို့တောင်
လှည့်မကြည့်ဘူး...အဲ့ဒါကြောင့် ငါ့စိတ်ပျော်အောင်ငါ့ဖာသာဖန်တီးတာ ဘာဖြစ်လဲ....အခုလို လူသတ်ရတာလည်းအရသာ တစ်မျိုးပဲ...ဟား....ဟား...ဟား...
.ပျော်စရာကောင်းတယ်...ဟား...ဟား...."ကေသီရိပ်မိလိုက်သည်။ ထိုသူသည် စိတ်ရောဂါ
အနည်းငယ်ရှိပြီး ကြောက်စရာကောင်းသော စိတ္တဇ
လူသတ်သမားဖြစ်နိုင်သည်။ ဤပုံစံအရဆိုလျှင်သူမ
ကိုလည်း နှုတ်ပိတ်ကာအပြတ်ရှင်းမည်မှာ အသေအ
ချာပင်ဖြစ်သည်။
ကေသီသေဘေးကို နဖူးတွေ့ဒူးတွေ့ရင်
ဆိုင်နေရသဖြင့် ဇောချွေးများပျံလာပြီး ထိတ်လန့်လာမိသည်။ထို့အပြင် အဖျားကြီးကာသတိမေ့နေသော သူမ၏သား မင်းသာကို သတိရမိလိုက်သည်။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇