15 1 0
                                    

အသက်ခြွေကုတင်
                         အပိုင်း(၇)

     ကျွန်တော် အခန်းမီးကို ပိတ်လိုက်သဖြင့်
အခန်းတွင်း၌ မီးမှောင်လျှင်အော်တိုလင်း
သော ညအိပ်မီးပြာလဲ့လဲ့လေးများသာရှိ
ပါတော့၏။
     ကျွန်တော်တွေးလိုက်မိသည်။ ဤအခန်း
သည် လွန်ခဲ့သောရက်ပိုင်းက ဇနီးမောင်နှံ၂
ဦး၏ မင်္ဂလာဦးညကို လှပစွာဖန်တီးပေးခဲ့
သော ဗိမ္မန်အငယ်စားလေးတစ်ခုဖြစ်
ခဲ့ပေလိမ့်မည်။
     ထိုဇနီးမောင်နှံသည် ၎င်းတို့ချစ်ရည်လူး
ပျော်ပါးမည့် ကျွန်းကုတင်ကြီးက သူတို့၏
၂ယောက်ထဲမှ ၁ယောက်၏ အသက်ကို
နှုတ်ယူလိမ့်မည် ဆိုသည်ကို ကြိုသိခဲ့ကြပါ
လျှင် ဤအခန်းသည် သူတို့အတွက် ငရဲပြည်
ဟု သတ်မှတ်ကြပေလိမ့်မည်။
     ယခု လူ့အသက်များကိုနှုတ်ယူလေ့ရှိ
သည့်ကုတင်ကြီးပေါ်တွင် ရှိနေရသောကြောင့်
ကျွန်တော်အနည်းငယ်တော့စိတ်လှုပ်ရှားနေမိ
သည်။
     ဒေဝီကတော့ သူမ၏ထုံးစံအတိုင်း အေး
ဆေးတည်ငြိမ်စွာပင်ရှိနေပြီး စိတ်လှုပ်ရှားမှုကို
ထိန်းချုပ်ထားဟန်ရှိသည်။

     ဒေဝီနှင့်အတူ ကျွန်တော် ကုတင်စွန်းတွင်
အတူပူးကပ်၍ ထိုင်နေကြရင်း အပြန်အလှန်
ပြုံး၍ ကြည့်နေမိကြ၏။
     တကယ်ချစ်သူများမဟုတ်ဘဲ လိုအပ်ချက်
တစ်ခုကြောင့်ဟန်ဆောင်ရသောအခြေအနေ
၌ ၂ယောက်စလုံး အရှက်ကြီးကြသော
ကျွန်တော်တို့ ရုတ်တရက် ဘာလုပ်ရမှန်းမသိ
ဖြစ်နေမိကြ၏။

     စက္ကန့်အတန်ကြာမှ ကျွန်တော်နှင့်ဒေဝီ
ကြိုတင်တိုင်ပင်ထားကြသည့်အတိုင်း သရုပ်
ဆောင်ကြရန် အပြန်အလှန်နားလည်မှုယူပြီး
မသိမသာခေါင်းညိမ့်ပြလိုက်မိကြ၏။

     ဒေဝီက စတော့ဟူသော သဘောဖြင့်
ကျွန်တော့်ကို မေးဆက်ပြလာသဖြင့်
သူမ၏ ပုခုံး၂ဖက်ကို ကျွန်တော်ခပ်ဖွဖွ
ဆုတ်ကိုင်လိုက်ရင်း

     "ကို့ချစ်သူက ဘယ်အချိန်ကြည့်ကြည့်
ချစ်ဖို့ကောင်းလိုက်တာကွာ..."

     ဒေဝီက ပါးချိုင့်လေးနစ်ဝင်သွားသည်
အထိ ပြုံးလိုက်ရင်း

     "ကိုကိုကလည်း အမြဲတမ်း ဒါပဲပြော
နေတာပဲ... မမောသေးဘူးလား... ဒေဝီက
လည်း တစ်သက်မှာတစ်ကြိမ်သာဖြစ်ဖူး
တဲ့အချစ်နဲ့ ကိုကို့ကိုချစ်ခဲ့တာပါ...."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now