အသက်ခြွေကုတင်
အပိုင်း(၃)
ခင်ပပ အသိစိတ်ဝင်လာခဲ့ပြီး နေရာ
သစ်တစ်ခုကို ရောက်နေသည်ကို သတိထား
လိုက်မိသည်။တဆက်တည်းမှာပင် သူမ၏ ခြေလက်များ
သိသိသာသာ နာကျင်နေသည်ကို သတိထား
မိလိုကျ၏။ဟင်...
သူမ၏ခန္ဓာကိုယ်က မက်တပ်ရပ်လျက်
အနေအထားဖြစ်နေပြီး လက်၂ဖက်မှာ မြှောက်
လျက်အနေအထားနှင့်အထက်နံရံတစ်ဖက်ဆီရှိ
သံငုတ်များဖြင့် သွယ်တန်းထားသော သံကြိုး
များနှင့်အတုတ်နှောင်ခံထားရ၏။
ခြေ၂ဖက်မှာလည်း ကျောက်သားကြမ်းပြင်
တွင် သပ်လျှိုရိုက်ထည့်ထားသော သံငုတ်များ
နှင့်ပူးကာ ၁ဖက်ဆီခွဲ၍ အချည်နှောင်ခံထား
ရ၏။
ခြေထိပ် လက်ထိပ်များကိုခတ်ထားသော
သံကွင်းများက တင်းကြပ်လွန်းလှသဖြင့်
နာကျင်လှသော်လည်း သူမ အထိတ်တလန့်
ဖြင့် ရုန်းကန်မိပြန်သည်။"ဟာ....ဘာလဲ....ငါဘယ်ရောက်နေတာလဲ...
အား....ငါ့ကို ဘယ်သူဖမ်းထားတာလဲ...."ချွင်း....ချလွင်း....
ရုန်းကန်နေသော်လည်း အားကုန်ရုံသာ
ရှိပြီး ခြေကျင်းဝတ်နှင့် လက်ကောက်ဝတ်
များသာ ပို၍နာကျင်လာ၏။"ဟင်....အကို...."
သူမအရှေ့မလှမ်းမကမ်းတွင် သံကြိုး
၁ကြိုးကို အားခဲကာ ခြေကန်ဆွဲနေသော
မျိုးကျော်ကို မြင်လိုက်ရ၏။မျိုးကျော်က သံကြိုးကို အားကုန်ခြေကန်
ဆွဲထားပြီး အားကုန်ညောင်းညာနေဟန်ရှိ၏။
သူမ မျိုးကျော်ဆွဲထားသော သံကြိုး နှင့်
ဆက်သွယ်ထားသော အရာကိုမော့ကြည့်
လိုက်မိသည်။ဟင်....
သူမ မျက်လုံးပြူးသွားမိသည်။ သူမ၏
ခေါင်းပေါ်တွင် ကြီးမားလေးလံလှသော ဧရာ
မ သံပြားကြီးတစ်ခုရှိနေပြီး ထိုသံပြားကြီး၏
အောက်ဖက်တွင် သံချွန် သံဆူးများက ပြောင်
လက် ချွန်မြလျက်ရှိ၏။
မျိုးကျော် လက်ထဲမှ သံကြိုးကိုသာ လွှတ်
ပေးလိုက်လျှင် သူမ၏ အပေါ်သို့ သံချွန် သံဆူး
တို့ အပြည့်ပါသော သံပြားကြီးပိကျကာ သူမ
မရှုမလှ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့်မျိုးကျော်လည်း ဇနီးဖြစ်သူကို
ကယ်တင်နိုင်ရန် အတက်နိုင်ဆုံး ကြိုးစားနေ
ပြီး ကိုင်ထားသောသံကြိုးကို အားကုန်ခြေ
ကန်ဆွဲနေခြင်းဖြစ်သည်။
မျိုးကျော်၏ တစ်ကိုယ်လုံး ချွေးများရွှဲနင့်
နေပြီး သံကြိုးကိုတင်းတင်းဆုတ်၍ ဆွဲထား
ရသော လက်များမှာလည်း တဖြည်းဖြည်း
ပို၍နာကျင်လာကာ အားကုန်လာခဲ့သည်မို့
သံကြိုးက သူ၏လက်မှ တဖြည်းဖြည်း လျော
ကာ ရုန်းထွက်လာ၏။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇