အမှောင်ကမ္ဘာရဲ့ အလင်းရှင်အပိုင်း(၁၅)
နံနက်လင်းရောင်ခြည်က ပုံမှန်ဝတ်တရား
အတိုင်းမပြတ်မကွက် ထွက်ပေါ်လာပြီဖြစ်
သည်။
ဒေဝီ၏ အထူးခန်းလေးအတွင်းသို့ပင်
ပြတင်းမှန်မှ နေရောင်ဝါဝါတို့ မှိန်လွှလွှ
ဖြာဆင်း၍နေ၏။
အိမ်စေမလေးနွေးနွေးက ပြတင်းတံခါး
လေးကိုဖွင့်လိုက်ပြီး လတ်ဆတ်သော
နံနက်ခင်းလေပြေကို အခန်းတွင်းသို့ ခိုလှုံ
ခွင့်ပြုလိုက်၏။
နေ့သစ်၏ သာယာသော ငှက်ကြေးသံများ
ကိုသော်လည်းကောင်း၊ လတ်ဆက်သော လေ
နုအေးများကိုသော်လည်းကောင်း မိုးသက်ထန်
အနည်းငယ်မျှပင် စိတ်ဝင်စားမှုမရှိပါ။
မိုးသက်ထန် တစ်ညလုံးနီး မအိပ်ရသေးပါ။
တစ်ကိုယ်လုံး ကိုယ်ခြစ်ခြစ်တောက်ပူနေ
သော ဒေဝီ့ကို နွေးနွေးက ပြုစုပေးနေသော်
လည်း မိုးသက်ထန်လည်း မနေသာပါ။
ပူပန်စိတ်နှင့် မချမ်းမြေ့သော နှလုံးကြောင့်
တစ်ညလုံးနီးပါး အိပ်မရခဲ့ပါ။
ဒေဝီ အဖျားတက်၍ သဲ့သဲ့လေးညီးနေ
သော အသံလေးကပင် မိုးသက်ထန်အတွက်
ကြေးမောင်းကြီးတစ်ခုမြည်ဟီးနေသလို
အိပ်မရစေသော သံစဉ်တစ်ခုဖြစ်နေခဲ့၏။
မိုးသက်ထန်က ကိုယ်လက်သန့်စင်ပြီးပြီ
ဖြစ်၍ အိမ်စေမလေး နွေးနွေးလည်း ကိုယ်
လက်သန့်စင်ရန် ရေချိုးခန်းသို့ ထွက်ခွါသွား
၏။ မိုးသက်ထန် တစ်ယောက်သာ ဒေဝီ့
အနားတွင် ကျန်ရစ်ခဲ့၏။ဒေဝီ့မျက်လုံးလေးများ တဖြည်းဖြည်း
ပွင့်လာပြီး အလင်းရောင်များဖြာဝင်နေ
သော ပြတင်းပေါက်ကို လှမ်းကြည့်ရင်း
ပြုံးနေ၏။
အဖျားရှိသေးသော်လည်း သူမအတော်
အတန်သက်သာနေပြီဖြစ်သည်။ ဒေဝီ
တစ်ယောက်တည်းသာ ရှိနေသော မိုးသက်
ထန်ကို ပြုံးပြလိုက်၏။ မိုးသက်ထန်ကလည်း
သူမကိုခေါင်းညိမ့်ပြုံးပြလိုက်၏။ဒေဝီ သူမ၏ အဝတ်များကို ငုံ့ကြည့်ရင်း အထိတ်တလန့်အမူအယာလေးဖြင့် မိုးသက်
ထန်ကိုလှမ်းကြည့်ရင်း"အ.. အကိုလေး... ကျွန်မ အဝတ်အစား
တွေ..."မိုးသက်ထန်က ဒေဝီ့ကိုကြည့်၍ပြုံး
လိုက်ရင်း
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇