ရင်ကွဲတစ္ဆေ
အပိုင်း (၂၂)
ရွှီး.....
ဖြောင်း...ဖြောင်း...ဖြောင်း...
လက်ခေါက်မှုတ်သံများရော လက်ခုတ်တီးသံများ
ပါ သောသောညံသွား၍သွားသည်။ကျော်ဇောက
ရုံပြည့်ရုံလျှံနေသော ပရိတ်သတ်များကို ခေါင်းညွတ်
ကာ ဂါရဝပြုလိုက်ရင်း..."အခုတစ်ခါ ပြမယ့်မျက်လှည့်ပြကွက်ရဲ့အမည်
ကတော့ နတ်မိမယ်နဲ့ မိစ္ဆာဘုရင်ဖြစ်ပါတယ် ဗျ..."ဖြောင်း...ဖြောင်း...ဖြောင်း...
ကျော်ဇောက စကားဆုံးသည်နှင့် စင်၏တစ်ဖက်
ခြမ်းသို့ဝင်သွားတော့သည်။ စင်ကိုမီးမှောင်ချလိုက်
ပြီး လိုက်ကာချလိုက်ပြီး စက္ကန့်အတော်ကြာမှ
လိုက်ကာကြီးပြန်ပွင့်လာပြီးအပေါ်အလယ်တည့်
တည့်မှ စူးရှသောအလင်းရောင်တစ်ခု ပေါ်ပေါက်
လာ၏။ ထိုအလင်းစု၏အလယ်မှ တောင်ပံအဖြူ
ရောင် ဖဲသားအဖြူရောင်ဝတ်စုံနှင့် ချောမောလှပ
သော နတ်မိမယ်တစ်ဦးလေထဲသို့ ပျံဝဲကာ ထွက်
ပေါ်လာတော့သည်။စင်ကြမ်းခင်းကိုလည်း အငွေ့ဖြူများလွှတ်ထား
ပြီး အပင်အတု၊ဗိမ္မာန်အတုများနှင့် တကယ့်
နတ်ပြည်ကဲ့သို့ ခံစားရစေရန်ပြင်ဆင်ထား၏။အနောက်တိုင်း နတ်သမီးဝတ်စုံကိုဝတ်ဆင်ထား
ပြီး မျက်လှည့်အတက်ဖြင့် ပရိတ်သတ်မျက်စိကို
လှည့်စားကာ လေထဲ၌ကိုယ်ဟန်အချိုးကျစွာပျံ
သန်းနေသော ဝင့်နဒီ၏ပုံစံမှာ တကယ့် နတ်သမီး
လေးလိုပင် ချောမောလှပ၍နေ၏။ သူမ၏အလှ
နှင့် စင်အပြင်အဆင်မှာ အမှန်တကယ်ပင်ရင်
သပ်ရှုမောဖွယ်ကောင်းလွန်းနေ၏။စလိုက်မီးရွှေရောင်များက သူမကိုတပြိုင်နက်ထိုး
လိုက်သည်တွင် သူမသည်ကိုယ်ရောင်ကိုယ်ဝါ
တောက်ပနေသော နတ်မိမယ်အသွင်ပို၍ပီပြင်
သွားပြီး ထွက်ပေါ်လာသော တေးသံအလိုက် သီ
ဆိုရင်း လေထဲ၌ပင် အချိုးကျစွာဆိုကနေ၏။
သူမကဲ့သို့ ဝတ်စုံတူ အခြားမိန်းကလေး ၈
ယောက်တို့မှာလည်း ကောင်းကင်မှ အသီးသီး
ပျံဝဲ၍ဆင်းလာကြပြီး သူမ၏အောင်ဘက်ပတ်
လည်တွင် နေရာအစီအရီယူလိုက်ကြပြီး တေး
သွားအလိုက် ကခုန်နေကြသည်မှာ မြင်ရသူ
ပုရိသအပေါင်းတို့ စိတ်ထဲတွင် အမှန်တကယ်
နတ်ပြည်သို့ ခေတ္တရောက်နေသည်ဟုပင်
ခံစားနေကြရသည်အထိ ကြည်နူးသာယာဖွယ်
ကောင်းလှသည်။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇