အပိုင်း ၁၄

22 1 0
                                    

အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                      အပိုင်း(၁၄)

     ဒေဝီ သတိရလာတော့ ခန့်ညားလှပသော
အဖြူရောင် မျက်နှာကျက်ကို အရင်ဆုံးမြင်
လိုက်ရသည်။ နံစောင်းတစ်ဘက်က နာကျင်
အောင့်သက်နေသော်လည်း အသက်အန္တရာယ်
ရှိလောက်သော ခံစားမှုမဟုတ်တော့မှန်း ဒေဝီ
သိပါ၏။

     မိုးသက်ထန်က ဒေဝီ့ကို မပြတ်စောင့်ကြည့်
နေသည်ထင်၏။ ဒေဝီ့မျက်လုံးလေး ပွင့်လာ
သည်နှင့် ဝမ်းသာအားရဖြင့်

     "ဟာ... လရောင်သတိရလာပြီ...
ခဏလေး... ငါဆရာဝန်သွားခေါ်ပေးမယ်..."

     ဒေဝီ ခေါင်းသာညိမ့်ပြလိုက်၏။

     မိုးသက်ထန် အစိုးရိမ်လွန်နေရှာသည်ထင်
၏။ သူ၏မျက်နှာ ချောင်ကျနေပြီး ပူပန်
သောက၏ နှိပ်စက်ခြင်းကိုခံထားရဟန်ရှိ
သည်။

🕖🕢🕗

     ဆရာဝန်ကြီးက ဒေဝီ့ကို လိုအပ်သည့်
စစ်ဆေးမှုများပြုလုပ်ပေးပြီး ပြုံး၍ခေါင်း
ညိမ့်ပြရင်း

     "အားလုံးအခြေအနေ ကောင်းပါတယ်
သမီး... ဒဏ်ရာကအတွင်းကို မနက်ပါဘူး...
ဒါပေမယ့် အရေပြားကိုကန့်လန့်ဖြတ်သလို
ကွဲသွားတော့ သွေးတော့တော်တော်ထွက်
သွားတယ်...
     သွေးထွက်လွန်ပြီး စိတ်လှုပ်ရှားတာကြောင့်
လူက သတိလစ်သွားတာပါ...
     ဒါပေမယ့် လိုအပ်တဲ့သွေးပြန်သွင်းပြီးပါပြီ...
စိုးရိမ်စရာ မရှိတော့ပါဘူး...
     ဒဏ်ရာ အနာရှိန်ကြောင့် လူကနုံးနေလိမ့်
မယ်... ဖျားချင်လည်းဖျားလိမ့်မယ်... ဒါပေ
မယ့် စိုးရိမ်စရာတော့ မရှိတော့ပါဘူး...
     စိတ်ချရအောင်တော့ ဆေးရုံမှာ နှစ်ရက်
လောက်ထပ်နေပေးနော် သမီး..."

     ဒေဝီက ဆရာဝန်ကြီးကို ခေါင်းညိမ့်ပြရင်း

     "ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဆရာ..."

     ဆရာဝန်ကြီးက ဒေဝီ့ကိုပြုံး၍ကြည့်ရင်း
ဒေဝီ့ ဆေးမှတ်တမ်းစာရွက်လေးကို ပြန်
ကြည့်ရင်း

     "သမီးနာမည်က လရောင်ခြည်နော်..."

     "ဟုတ်ပါတယ် ဆရာ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now