အခန်း ၈

121 8 0
                                    


အပိုင်း(၈)

         မိုးသက် ဧည့်ခန်းသို့ရောက်လာသဖြင့်
ထင်လင်း သောက်လက်စဝီစကီခွက်ကို စားပွဲ
ပေါ်ချလိုက်၏။

          "အစ်ကိုထင်လင်း ကျွန်တော့်ကိုခေါ်တယ်
ဆိုလို့..."

          " အေး...ဟုတ်တယ်....မင်းကို ငါပဲခူးကို
လွှတ်မလို့..."

           "ဗျာ...ပဲခူးကို..."

          " အေး...ပဲခူးမှာ ငါ့အဒေါ်တစ်ယောက်ရှိ
တယ်...ကျန်းမာရေးသိပ်မကောင်းလို့ ရန်ကုန်
ကိုဆေးကုဖို့ ငါခေါ်ထားတာ...
           အဲ့ဒါ မင်းသူ့ကိုသွားခေါ်ရမှာ ဒေါ်ရတီ
တဲ့...မင်းကို ငါသူ့လိပ်စာပေးလိုက်မယ်..."

     "ဟို...အခုသွားရမှာလား အစ်ကိုထင်လင်း..."

        " အေးဟုတ်တယ်...အခုသွားလိုက် ဟိုကို
ရောက်ရင် မှောင်နေလောက်ပြီ မင်းတည်းခိုခန်း
မှာ ညအိပ်လိုက် မနက်မိုးလင်းမှ အန်တီရတီကို
ခေါ်ပြီးပြန်လာခဲ့လိုက်..."

          " ဪ...ဟုတ်...ကျွန်တော် သွားလိုက်
ပါ့မယ်..."

           " ရော့ လမ်းစရိုက် ၅သောင်းယူသွား..."

          ထင်လင်းကမ်းပေးသောငွေအုပ်ကလေး
ကို မိုးသက်လှမ်းယူလိုက်ပြီးဧည့်ခန်းမှ အလုပ်
သမားတန်းလျားလေးသို့ခဏပြန်ပြေးလာခဲ့၏။

🕛🕧🕐

          " မမေရ...မမ..."

           မိုးသက်ခေါ်သံကြောင့် ညစာချက်ပြုတ်
နေသော နှင်းကဗျာ ထွက်လာ၏။

         "ဘာတုန်း မောင်လေးရဲ့...အစ်ကိုက ဘာ
ခိုင်းတာလဲ မောင်လေးကို..."

           "ကျွန်တော့်ကို ပဲခူးသွားခိုင်းတာ..."

            "ဟင်....အခုလား..."

            "ဟုတ်တယ် မမ...အဲ့ဒါ...မမကိုလာနှုတ်
ဆက်တာ..."

            မိုးသက်၏စကားကြောင့် နှင်းကဗျာ
ဘာဖြစ်သွားမှန်းမသိ ရုတ်တရက်ဝမ်းနည်းမိ
သလို ခံစားလိုကျရ၏။

          " မောင်လေးကလည်း...ပဲခူးများ ဘာဝေး
တာမို့လို့လဲ...တကူးတက နှုတ်ဆက်နေရသေး
တယ်...
          ဪ...မောင်လေး...မမကို မောင်လေး
ဆံပင်လေးတစ်ချောင်းပေးခဲ့ဦး..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now