သမာဓိညွှန်တံ ( 1 - 7 ) end

46 4 0
                                    

သမာဓိညွှန်တံ
                       အပိုင်း(၁)

       တိတ်ဆိတ်နေသော ညသန်းခေါင်
အချိန်ဖြစ်ပြီးတစ်တောလုံး သားရဲကောင်အချို့၏အသံများ တစ်ချက် တစ်ချက် ထွက်ပေါ်နေကာ လရောင်ပြာလဲ့လဲ့ အောက်၌ တော၏ သဘာဝ အလှကား
တစ်မျိုးတစ်ဖုံ လှပ၍ နေ၏။
       ခြုံပင်များအကြားမှ အဆက်မပြတ်
ဆိုသလို ထွက်ပေါ်နေသော အင်းဆက်
ကောင်များ၏ အသံများနှင့် လေပြေ
အသော့တွင် ထွက်ပေါ်လာသော သစ်
ရွက်လှုပ်သံများမှအပ အတော်ပင်
တိတ်ဆိတ်ကာနေ၏။

       "ကယ်ကြပါဦး!....ကယ်ပါဦး...
ဟီး...အဟင့်...အသက်ရှူကြပ်လာပြီ
ဟီး....အဟီး..."

       ကလေးငယ်တစ်ဦး၏ အော်ဟစ်
ငိုယိုသံ၊အကူအညီတောင်းနေသော
အသံသည်မပီမသ ခပ်အုပ်အုပ် ထွက်ပေါ်၍နေ၏။

       မြေပြင်တစ်နေရာတွင် ကော်ပိုက်
ရှည်တစ်ချောင်းအား တန်းမက်စွာ ထိုး
စိုက်ထားပြီး ၄လက်မခန့်အချင်းရှိသော
ထိုပိုက်ရှည်၏ ထိပ်၌ Lကွေး ပိုက်ခေါင်း
တစ်ခုအား တပ်ဆင်၍ ထား၏။

       ကွိ...ကွိ!.....

       တောဝက်တစ်ကောင်သည် ထိုကော်
ပိုက်ရှည် ထိုးစိုက်ထားသော မြေပြင်
ရှိရာနေရာသို့ ရောက်လာပြီး ပွနေသော
မြေပြင်အား နှုတ်သီးဖြင့်ထိုးဆွ၍ နေ
၏။

       ခပ်လတ်လတ်အရွယ် တောဝက်
ပျိုက မျှစ်ပေါသော ဤနေရာသို့ အစာ
ရှာထွက်လာရင်း ဝက်အုပ်နှင့် ခဏတာ
ကွဲထွက်လာပုံရ၏။

       တောဝက်က ပွနေသော မြေပြင်
နေရာအား တူးဆွနေရင်း ထိုမြေပြင်
တွင်စိုက်ထားသော ကော်ပိုက်အဝမှ
အသံတစ်ခုထွက်လာသဖြင့် အထိတ်
တလန့်နောက်ဆုတ်လိုက်ကာ ပိုက်ဝ
အား ​မှင်သက်စွာ ကြည့်နေမိ၏။

       "ကယ်ကြပါဦး...အဟီး...ဟီး....
ကယ်ကြပါ...."

       ထူးခြားသောအသံကြောင့် တိရိ
စ္ဆာန် ဖြစ်စေကာမူ မကြုံဖူးသော အခြေ
အနေကိုစိတ်ဝင်စားသွားဟန်ရှိပြီး ထိုပိုက်လုံးဝအား ဆက်ကြည့်၍နေ၏။
       ခဏအကြာတွင် ထိုအသံ ပြန်လည်
ပျောက်ဆုံးသွားတော့မှ စောစောကအ
တိုင်း ပွနေသောမြေသားနေရာကို နှုတ်
သီးဖြင့် ထပ်၍ ထိုးဆွနေမိပြန်သည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now