အပိုင်း ၃

62 8 0
                                    

ကယ်တင်ရှင် သေမင်း
အပိုင်း(၃)

      ဦးသီဟတရားရှုမှတ်နေသည်မှာ နာရီနှင့်ချီ
ကြာနေပြီဖြစ်သည်။ ဘုရားခန်းအတွင်း အချိန်
ကြာမြင့်စွာ ငြိမ်သက်နေလေ့ရှိသည်မှာ သူ၏နေ့
စဉ်လုပ်ဆောင်နေကျ ဝသီတစ်ခုပင်ဖြစ်သည်။

      အချိန်အတန်ကြာငြိမ်သက်နေရင်းမှမသိ
စိတ်၏လှုံဆော်မှုတစ်ခုကြောင့် ခန္ဓာကိုယ်ဆက်
ကနဲတုန်ခါသွားတော့သည်။

       ရုတ်တရက် တည်ငြိမ်အေးချမ်းနေသော
စိတ်အလျှင်တို့ ညစ်နွမ်းသွားသလိုခံစားလာ
သည်။

    💭💭 ဖေဖေ....💭💭

     ဒေဝီ့အသံကို ရုတ်တရက်ကြားလိုက်ရသဖြင့်
ဦးသီဟ မျက်လုံးဖျက်ကနဲဖွင့်လိုက်မိသည်။ဆက်
လက်ရှုမှတ်ရန် စိတ်မတည်ငြိမ်တော့သည်ဖြစ်၍
ဘုရားခန်းအတွင်းမှ ထွက်လာခဲ့ပြီး အောက်ထပ်
ဧည့်ခန့်သို့ ဆင်းလာခဲ့သည်။

      ခွမ်း....

      ရုတ်တရက် စာပွဲတစ်ခုအပေါ်မှဒေဝီ့ဓာတ်ပုံ
လေးတစ်ပုံက လေမတိုက်ဘဲပြုတ်ကျ၍ အကာ
မှန်ကွဲသွားခြင်းဖြစ်သည်။

     " ဟင်..."

       မှန်ကွဲသွားသော ဒေဝီ့ပုံလေးကိုကြည့်ရင်း
ဦးသီဟ ဖြည်းညှင်းစွာပြန်ကောက်ယူလိုက်ပြီး
စားပွဲပေါ်ပြန်တင်လိုကိမိသည်။ ဓာတ်ပုံအတွင်း
မှ ဒေဝီ့မျက်နှာလေးက အနည်းငယ် ညိုးငယ်နေ
သည်ဟု ဦးသီဟထင်မိသည်။
     မသိစိတ်မှခံစားမှုတစ်ခုကြောင့် ဒေဝီအန္တရာယ်
တစ်ခုခုဖြစ်နေသလောဟု ဦးသီဟတွေးလိုက်မိ
သည်။

     ရုတ်တရက် မချမ်းမြေ့တော့ဘဲ စိုးရွံလာသော
စိတ်အလျင်ကြောင့် ဦးသီဟ ဘုရားကိုလက်အုပ်ချီ
အာရုံပြုမိပြန်သည်။

    " လောကအရှင် အတုမရှိပါသော မြတ်စွာဘုရား....
တပည့်တော် စောင့်သိခဲ့သော သီလနှင့် ပြုခဲ့ဖူးသော
ကုသိုလ်တို့အားတိုင်တည်၍ ဆုတောင်း
ပါသည်ဘုရား...တပည့်တော်၏ သမီးငယ် ဒေဝီ
ရောက်ရာ အရပ်မှာ ဘေးကင်းပါစေဘုရား...."

☯☯☯☯☯

     🎶🎶🎶🎶

     ဖုန်း ringtone သံမြည်လာသဖြင့် ကျွန်တော်
ဖုန်းကိုင်လိုက်ပြန်သည်။ အသံကြားကတည်းက
မေရန်ငြိမ်းဆက်မှန်း ကျွန်တော်သိပြီးသားဖြစ်၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now