အပိုင်း ၂၂

25 1 0
                                    


အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                       အပိုင်း(၂၂)

 

   ""အကိုလေး... မသွားပါနဲ့...""

     "ဟင်..."

     မပီမသ မိန်းကလေးအသံ တစ်ခုကိုကြား
လိုက်ရပြီး ဘာစကားသံမှန်းတော့ မိုးသက်
ထန် သဲကွဲစွာ မကြားလိုက်ရပါ။ ပိုးအိမ်၏
ခေါ်သံနှင့် တူသည်ဟု မိုးသက်ထန်တွေးလိုက်
မိသည်။
     သို့သော်လည်း စိတ်စွဲလမ်း၍ ကြားမိကြား
ရာ ကြားသည်ဟုသာ မိုးသက်ထန်တွေးလိုက်
မိသည်။
     သူနှင့် မဟာ အကြိုက်ချင်းတူသော နှစ်ချို့
ဝိုင်ပုလင်းများထားရာ သစ်သားစဉ်ဘက်သို့
ဆက်လျှောက်လာခဲ့သည်။

🕖🕢

     ""လရောင်.... လရောင်....""

      "ဟင်..."

     နံရံထောင့် နေရာမှ သူမကိုခေါ်နေသံကြား
သဖြင့် ဒေဝီလှမ်းကြည့်လိုပ်မိသည်။သွေး
သံရဲရဲ ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်၊သနား
စဖွယ် ပုံစံဖြစ်နေရှာသော မိန်းကလေးတစ်
ယောက်..။ ဒေဝီ့အား ညိုးငယ်နေသလိုမျက်
ဝန်းတို့ဖြင့် စူးစိုက်ကြည့်နေ၏။ သူမ၏မျက်
ဝန်းတို့မှ သွေးမျက်ရည်များက ပါးပြင်များ
ပေါ်စီးကျနေပြီး ကြောက်ရွံ့စရာကောင်းလှ
သလို သနားစရာလည်းကောင်းလှသော ဝိညာဉ္
မိန်းကလေး...။

     ဒေဝီ သူမကို မှင်သက်စွာကြည့်နေမိပြီး
စက္ကန့် အနည်းငယ်ကြာသည်နှင့် သူမ မည်သူ
ဖြစ်သည်ကို သိလိုက်၏။

    " ရှင်.... အမ ပိုးအိမ်လား...."

     သွေးသံရဲရဲ ခန္ဓာကိုယ်နှင့် ဝိညာဉ္မိန်းက
လေးက ခေါင်းညိမ့်လိုက်ရင်း

     ""ဟုတ်တယ်... ငါပိုးအိမ်ပဲ...
လရောင်... အကိုလေး ဒုက္ခရောက်တော့
မယ်... အကိုလေးကို ကယ်ပေးပါ...""

     "ဟင်... အကိုလေးက ဘာဖြစ်နေလို့လဲ..."

     ""အကိုလေး မြေတိုက်ခန်းထဲဆင်းသွား
တယ်... မြေတိုက်ထဲမှာ နတ်ဆိုးဝိညာဉ္တစ်
ကောင်ရှိနေတယ်...
     ငါသူ့ကိုမောင်းထုတ်ဖို့ကြိုးစားပါသေး
တယ်... ဒါပေမယ့်... ငါကသေတာမကြာ
သေးတော့ ငါ့ရဲ့ကမ္မဇိတ္ထိက သူ့ကိုဘယ်လို
မှ မယှဉ်နိုင်ဘူး... သူ့ကိုမောင်းထုတ်ဖို့မပြော
နဲ့ အနားတောင်ကပ်လို့ မရခဲ့ဘူး...
     အခု အကိုလေးက မြေတိုက်ခန်းထဲကို
ဆင်းသွားပြီ... အဲ့ဒီ့မိစ္ဆာကောင်က အကို
လေးကို ဒုက္ခပေးနိုင်တယ်...
    နင်အကိုလေးကို သွားကူညီပါ...""

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now