အမှောင်ကမ္ဘာရဲ့ အလင်းရှင်အပိုင်း(၂၆)
(ဇာတ်သိမ်းပိုင်း)ဒေဝီ အသက်ရှုအောင့်ထားပြီး အိပ်ပျော်
နေဟန် ခဏဆောင်နေပြီးမှ ပြန်ထထိုင်
လိုက်၏။ နှာခေါင်းကိုအုပ်ထားသော ပုဝါ
ထူကိုလည်း ဖယ်ရှားလိုက်၏။
သို့တိုင်အောင် ခေါင်းက အနည်းငယ်ရီဝေ
ဝေဖြစ်နေသေးသည်မို့ အသင့်ဆောင်ထား
သော တိုင်းရင်းဆေးမြစ်ပေါင်းဗူးကိုဖွင့်ကာ
ရှူရှိုက်လိုက်သည်။
ခေါင်းအတော်အသင့် ကြည်လင်သွားသည်
နှင့် ဒေဝီအခန်းတွင်းမှ ထွက်လာခဲ့တော့သည်။🕖🕢🕗
ထိုင်လျက်သား လဲကျနေပြီးကောင်းစွာ
လှုပ်ရှား၍မရသော မိုးသက်ထန်ကို မဟာ
ခပ်ထေ့ထေ့ပြုံး၍ကြည့်နေရင်း"ဒီတိုက်ကမြင့်တော့ မင်းအောက်ပြုတ်ကျ
တာနဲ့ သေမှာပါပဲ... အကြာကြီးခံစားရမှာ
မဟုတ်ပါဘူး..."မဟာက မိုးသက်ထန်ရှိရာလျှောက်လာ
စဉ်တွင် ဒေဝီက နံရံအကွယ်မှ ထွက်လိုက်
ရင်း"အကိုကြီး... ရှင်အကိုလေးကို မထိနဲ့နော်..."
"ဟင်..."
ရုတ်တရက်ဒေဝီ့ကို တွေ့လိုက်ရသဖြင့်
မဟာ အံ့ဩသွားဟန်ဖြင့်"လရောင်... မင်း... မင်း...အိပ်ပျော်နေပြီ
မဟုတ်ဘူးလား..."ဒေဝီ မဟာ့ကို စူးစိုက်ကြည့်၍ပြုံး
လိုက်ရင်း"ကျွန်မ အခန်းထဲကို အိပ်ဆေးငွေ့မှုတ်
ထည့်ခဲ့လို့ ကျွန်မအိပ်ပျော်နေပြီလို့ထင်နေ
တာမဟုတ်လား...
ရှင်မနေ့ကလည်း ကျွန်မအခန်းထဲကို
တစ်ခါအိပ်ဆေးငွေ့ထည့်ခဲ့သေးတာ ကျွန်မ
သိတယ်...ရုတ်တရက် ခေါင်းမထူနိုင်အောင်
အိပ်ချင်လာတာကို ဘာကြောင့်လည်းဆိုတာ
ကျွန်မစဉ်းစားမိခဲ့တယ်...""အိပ်ဆေးငွေ့အခန်းထဲထည့်ခဲ့ပြီး ကျွန်မကို သုတ်သင်ဖို့ လုပ်ခဲ့ပေမယ့် ရှင်စိတ်ပြောင်း
သွားတာလား ဒါမှမဟုတ် အကိုလေးရောက်
လာတာကြောင့်လားတော့မသိဘူး ကျွန်မကို
ရှင်မသတ်နိုင်ခဲ့ဘူး...
အခန်းထဲကို အိပ်ဆေးငွေ့မှုတ်ထည့်တဲ့
နည်းလမ်းက တော်တော်လေးကို ခေတ်
နောက်ကျနေပါပြီ အကိုကြီး... ကျွန်မအခု
အသက်ရှုအောင့်ထားပြီး မျက်နှာကို ပဝါစည်း
ပြီး အိပ်ဟန်ခဏ ဆောင်နေခဲ့တာပါ...
ဘာလို့လည်းဆိုတော့ ရှင်က အိပ်ဆေးငွေ့
စက်နဲ့ မှုတ်ထည့် ပြီးရင် ကျွန်မအိပ်ပျော်တဲ့
အထိ အပြင်ကနေ နည်းလမ်းတစ်ခုခုနဲ့ကြည့်
နေနိုင်တယ်ဆိုတာ ကျွန်မရိပ်မိလို့ပဲ..."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇