အပိုင်း ၉

21 1 0
                                    

ရင်ကွဲတစ္ဆေ 

                          အပိုင်း(၉)
         

          သူမ အရှေ့သို့ရောက်လာသော ယောဂီ
ရောင် ဝတ်စုံနှင့် ဆရာမာန်ကြွားနေသောသူကို
မြတ်ဖူးဝေ မျက်ထောက်နီနှင့် မော့ကြည့်ရင်း
အံကိုကျိတ်ထားကာ ခပ်ထေ့ထေ့ပြုံးပြနေ၏။

          အထက်လမ်းဆရာက ကြိမ်လုံးကိုမာန်
ပါပါ ကြမ်းပြင်ကို ရိုက်ချလိုက်၏။

           ဖြန်း....

            "အ!!...."

            ကြမ်းပြင်ကို ရိုက်လိုက်သော်လည်း
မြတ်ဖူးဝေ ခန္ဓာကိုယ် နာကျင်သွားဟန်ဖြင့် အ
နည်းငယ်တုန်ခါသွား၏။ သို့သော်လည်း
ကြောက်ရွံ့ဟန်မရှိဘဲ ပယောဂဆရာကို ကြည့်
၍ မခန့်လေးစားပြုံးနေဆဲဖြစ်၏။ပယောဂဆ
ရာက စိတ်မရှည်တော့ဟန်ဖြင့်...

            "နင်ဘာရည်ရွယ်ချက်နဲ့ ကလေးမလေး
ကိုယ်ထဲဝင်နေရတာလဲ...နင်ဘယ်သူလဲ..."

          မြတ်ဖူးဝေက ကြောက်မက်ဖွယ်ကောင်း
သော အသံဖြင့်ရယ်လိုက်ရင်း...

            "ဟား...ဟား...ဟား..."

           "ငါ ဒီလိပ်ပြာရှင်ရဲ့ အသက်ကိုယူရမှ
ကျေနပ်မယ်... ဒီဝိညာဉ်ကို နင်တို့ပြန်မရစေရ
ဘူး...ဟား...ဟား...ဟီး...ဟီး......"

         မြတ်ဖူးဝေ၏စကားကြောင့် ပယောဂ ဆ
ရာ၏အနောက်ဘက်တွင်ရှိနေကြသော နေထူး
နှင့် နွယ်တို့ သမီးဖြစ်သူမြတ်ဖူးဝေအတွက် စိုး
ရိမ်သွားမိကြပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်
နေတော့သည်။
          သူမမှာ ၁၃နှစ်သမီးအရွယ်သာရှိသေး
သော်လည်း သူမနှင့်မလိုက်ဖက်သော အသံဩ
ဩကြီးနှင့် စကားကို ကျိန်းဝါးသံပါပါပြောနေ
၏။

            "တယ်.... ငါဆရာရှေ့မှာတောင် လူကို
အန္တရာယ်ပြုဖို့ ပြောရဲတယ်...အတင့်ရဲလိုက်တဲ့
မိစ္ဆာ ဆေးကြိမ်လုံးအစွမ်းကို ထပ်မြည်းကြည့်
ပေတော့....ကဲဟာ...ကဲဟာ...."

           ရွှန်း....ဖြန်း....ဖြန်း....

            "အား!!...."

            "ကြမ်းပြင်ကို အဆက်မပြတ်ရိုက်နေပြီး
မြတ်ဖူးဝေလည်း နာကျင်ဟန်ဖြင့် တဆက်ဆက်
တုန်ခါနေ၏။ ပယောဂဆရာ ရိုက်ချက်ရပ်လိုက်
သည်နှင့် မြတ်ဖူးဝေ မဲ့ပြုံးပြုံးလိုက်ကာ.."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now