အပိုင်း ၈

42 3 0
                                    

ကယ်တင်ရှင်သေမင်း
အပိုင်း (၈)

     ရှိုင်းနေက မိစ္ဆာတို့၏အငွေ့အသက်များနှင့်
ရင်းနှီးသူဖြစ်သဖြင့် ထိုအနက်ရောင်အငွေ့များ
ခြံရံနေသူမှာ လူသားမဟုတ်ဘဲ မိစ္ဆာတစ်ကောင်
ဖြစ်မှန်း ရှိုင်းနေသိလိုက်၏။

     ဓားကိုင်၍သူရှိရာသို့ ခပ်သွက်သွက်လျှောက်
လာနေသော ထိုသူအားခုခံရန် ရှိုင်းနေ လဲကျနေ
ရာမှအမြန်ထလိုက်မိသည်။

     ဝှစ်...

      "ဟာ...!"

     ထိုသူက လေ၏အလျှင်နှုန်းဖြင့် အနားသို့
ချက်ချင်းရောက်လာသဖြင့် ရှိုင်းနေ အံ့အားသင့်နေစဉ်၌ပင် ထိုသူက ရှိုင်းနေရင်ဘက်နေရာကို ဓားဖြင့်
ထိုးစိုက်လိုက်၏။

      ဖက်!...

       ရှိုင်းနေက ထိုသူ၏ဓားကိုင်လက်ကို ဖမ်း
ကိုင်လိုက်ကာ တားလိုက်၏။ သာမာန်ယောကျ်ား
တစ်ယောက်ထက်အင်အားကြီး​ေသာ ထိုသူ၏
လက်မှဓားဉီးအား သူ၏ရင်ဘက်သို့ ရောက်မလာ
စေရန် ရှိုင်းနေ ခွန်အားရှိသမျှအားတင်းကာ တွန်း
ကန်ထားရသည်။

     မေရန်ငြိမ်းလည်း ရှိုင်းနေနှင့် မလှမ်းနံရံကွယ်
မှ ထွက်လာလာခြင်းမှာပင် ရှိုင်းနေ၏မူမမှန်
သော အမူအယာကို မြင်လိုက်ရသဖြင့်မျက်
မှောင်ကျုံ့လိုက်မိသည်။
     သူမအမြင်တွင် ရှိုင်းနေက တစ်ယောက်တည်း
သာဖြစ်သော်လည်း မမြင်ရသောတစ်စုံတစ်ရာကို
လက်ဖြင့်အားကုန် တွန်းကန်နေကာ ပင်ပင်ပန်း
ပန်း ခုခံနေပုံဖြစ်နေသဖြင့် မေရန်ငြိမ်း မှင်သက်
စွာကြည့်နေမိရင်း ထိတ်လန့်လာမိသည်။
       အစက ရှိုင်းနေ စနောက်နေသည်ဟု ထင်မိ
သော်လည်း ရှိုင်းနေပုံစံမှာ အတော်ပင် ပင်ပန်းနေ
ပုံပေါ်နေသဖြင့် မေရန်ငြိမ်းအလန့်တကြားမေး
လိုက်မိသည်။

      "ရှိုင်းနေ.... နင်.... နင်ဘာဖြစ်နေတာလဲ..."

      ရှိုင်းနေ မေရန်ငြိမ်း၏ မေးခွန်းကိုပြန်မဖြေ
ဘဲ ဒေဝီအဆောင်ပေးထားသော အင်းပြားလေး
ကို သတိရမိသဖြင့် အကျင်္ီအိ်တ်ထဲမှ ထုတ်ယူလိုက်သည်။
      အင်းပြားဖြင့် ထိုသူအား ခုတ်ခြစ် တိုက်ခိုက်
ရန်ကြိုးစားမိစဉ်မှာပင် ထိုသူက ရှိုင်းနေ၏ ရင်
ဘက်အား ဘယ်လက်ဖြင့်ဆောင့်တွန်းပစ်လိုက်
၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now