18 0 0
                                    

သန္ဓေသားပျော်ရည်ဆေး
                         အပိုင်း(၇)

     ခိုင်သဇင် ရုတ်တရက် တစ်ကိုယ်လုံး
ကြက်သီးမွှေးညှင်းများထလာပြီး သိသိ
သာသာပင် ကျောချမ်းသလိုခံစားမှုမျိုးကို
ခံစားလာရသည်။ မသိစိတ်၏ လှုံဆော်မှု
ကြောင့် နောက်ဘက်သို့ဖြည်းညှင်းစွာ လှည့်
ကြည့်လိုက်မိသည်။

      "ဟင်....အား!....
ဘာကြီးလဲ...."

     လူတစ်ယောက်၏ပုံပန်းသဏ္ဍန်ရှိသော
အခိုးငွေ့ဆန်ဆန် အရိပ်မည်းကြီးကသူမ အ
နောက်ဘက် လှေကားပေါ်ရှိ လေဟာနယ်
ထဲတွင်ရှိနေကာ သူမအား နီရဲနေသော မျက်လုံး
တို့ဖြင့်စူးစိုက်ကြည့်နေ၏။

     ခိုင်သဇင် သတ္တိနည်းလှသူမဟုတ်သော်
လည်းပရလောကသားနှင့် အနီးကပ်ကြီးရုတ်
တရက်ဆုံလိုက်ရချိန်တွင် အလွန်ပင်ထိတ်လန့်
သွားမိသည်။

     သူမ ကြက်သေသေကာ ထိုအရိပ်မည်းကြီး
ကို ကြောင်ကြည့်နေမိဆဲမှာပင် ထိုအရာကြီး
၏ လက်တစ်ဖက်က သူမ၏ ညာလက်ကောက်
ဝတ်ကိုဆုတ်ကိုင်ကာ လှေကားပေါ်မှ ဆွဲချ
ရန်ကြိုးစားလာ၏။

     အား!....

     ခိုင်သဇင်အထိတ်တလန့်အော်မိပြန်သည်။

     သို့သော် ခိုင်သဇင့်လက်ကောက်ဝတ်အား
ထိုလက်မည်းကြီးက ၂စက္ကန့်လောက်သာ
ကိုင်လိုက်နိုင်၏။ အရိပ်လက်မည်းကြီးဆုတ်
ကိုင်လိုက်သော လက်ကောက်ဝတ်နေရာ၌
ဒေဝီပေးထားသော လက်ဖွဲ့ကြိုးလေးက ရှိနေ
သဖြင့် ထိုကြိုးလေးမှ ရွှေရောင်အလင်းတို့
အနည်းငယ်ဖြာထွက်သွားပြီးနောက် အရိပ်လက်
ကြီးလည်း ဆက်ခနဲတွန့်သွားကာ သူမလက်ကို
ပြန်လွှတ်ပေးလိုက်တော့သည်။

     ခိုင်သဇင် အောက်ပြုတ်မကျစေရန် ခြေကန်
ထားမိရင်းမှ ရုတ်တရက် အရိပ်မည်းကြီးက
သူမလက်အားပြန်လွှတ်ပေးလာသဖြင့် အနည်း
ငယ် စိတ်သက်သာရာရသွားမိသည်။
     သို့သော် သူမထင်ထားသလို အရိပ်မည်း
သဏ္ဍန် ပရလောကသားက အဝေးသို့ထွက်ခွာ
သွားခြင်းမရှိသေးဘဲ သူမအား ထပ်မံဒုက္ခ
ပေးမည့် အနေအထားမျိုးဖြင့် သူမနှင့်မလှမ်း
မကမ်းလေဟာနယ်ထဲတွင် သူမအားလှည့်ပတ်
၍ အလစ်ချောင်းသလို ကြည့်နေသဖြင့်
ခိုင်သဇင် ထိတ်လန့်မိပြန်တော့သည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now