ကယ်တင်ရှင်သေမင်း
အပိုင်း (၁၄)
ဧရာမ အိမ်ကြီးနှင့်ခပ်လှမ်းလှမ်း ပိတောက်
ပင်ကြီး တစ်ပင်၏အောက်၌ ရှိုင်းနေကကား
ကို ရပ်တန့်လိုက်၏။ ကျွန်တော်တို့လည်းကား
ပေါ်မှ ခဏဆင်းလိုက်ကြသည်။မေရန်ငြိမ်းက အိမ်ကြီးကိုလှမ်းကြည့်ရင်း
"ဒီအိမ်ကြီးထဲမှာ ညီမလေးရှိနေဖို့များ
တယ်... ဒါပေမယ့်ခက်တာက ညီမလေး ရှိမရှိ
အတိအကျသိရဖို့ခက်နေတာပဲ..."ဦးသီဟက သူ၏လွယ်အိပ်အတွင်းမှ
သစ်သားဗူးငယ်လေးတစ်ခုကို ထုတ်ယူလိုက်
ပြီးအပေါ်အဖုံးကိုဖွင့်လိုက်၏။ အတွင်း၌
နာရီလက်တန်သဖွယ် ညွှန်တန်လေးတစ်ခု
ရှိပြီး ညွှန်တန်အောက်ဖက်၌ အင်းကွက်ပုံတစ်
ခုကို ရေးဆွဲထား၏။
ဦးသီဟက ထိုသစ်သားဗူးငယ်လေး၏
အလယ်ရှိ ဘုလေးတစ်ခုကို ဆွဲထုတ်လိုက်
ရာ စားပွဲများတွင်ပါလေ့ရှိသော အံဆွဲအသေး
စားလေးတစ်ခု အပြင်သို့ထွက်လာ၏။ဦးသီဟက မေရန်ငြိမ်းကိုကြည့်လိုက်
ရင်း" ဒီအံခွက်လေးထဲကိုမှာ သမီးဒေဝီရဲ့ အငွေ့
အသက် တစ်ခုခုပါတဲ့ပစ္စည်းထည့်ရမယ်...
သမီးငြိမ်း စောစောကနေရာက ရလာခဲ့တဲ့
သမီးဒေဝီရဲ့ ခေါင်းစည်းကြိုးကိုပေးပါ..."မေရန်ငြိမ်းက သူမလက်တွင်ချည်ထား
သော ဒေဝီ့ခေါင်းစည်းကြိုးလေးကို ဖြုတ်
ကာ ဦးသီဟကို ကမ်းပေးလိုက်၏။
ဦးသီဟက ခေါင်းစည်းကြိုးလေးကို
သစ်သားဗူးလေး၏ အံဆွဲလေးထဲသို့ထည့်လိုက်
ပြီး အံဆွဲကိုအတွင်းသို့ပြန်တွန်းထည့်လိုက်ရင်း" သမီးဒေဝီ ဒီအိမ်ကြီးထဲမှာ ရှိမရှိကို
ဒီညွှန်တန်က ပြလိမ့်မယ်..."ဦးသီဟက ညွှန်တန်ပါသော သစ်သားဗူး
လေးကို လက်ဖဝါးပေါ်တင်ရင်း မန္တန်တစ်ခု
ကို ရွတ်ဆိုနေ၏။ကျွန်တော်တို့အားလုံးလည်း ဦးသီဟ
လက်ဖဝါးပေါ်ရှိ သစ်သားဗူးလေးတွင်တပ်ဆင်
ထားသော ညွှန်တန်ကလေးကိုသာစိတ်ဝင်တစား
စူးစိုက်ကြည့်နေမိကြသည်။
အတော်ကြာသည်အထိ ညွှန်တန်ကလေးမှာ
လှုပ်ရှားမလာသေးပါ။၂မိနစ်ခန့်လောက်အကြာမှ
ညွှန်တန်ကလေးက စတင်လှုပ်ရှားလာပြီး မ
လည်ပတ်သေးဘဲတဆက်ဆက်တုန်ခါလာ၏။
ထို့နောက်ဖြည်းညှင်းစွာ လည်လာပြီးမှ တဖြည်း
ဖြည်း မြန်လာတော့သည်။ဆယ်ပတ်ခန့်လောက်
လည်သွားပြီးမှ ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားတော့သည်။လက်တန်ဦးတည်ညွှန်ပြနေသော
နေရာကားဧရာမ အိမ်ကြီးတည့်တည့်သို့ပင်ဖြစ်
သည်။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇