16 1 0
                                    

ပန်းခြွေမိစ္ဆာ
                               နှင့်
                 သတ္တမမြောက်အပျိုစင်

                        အပိုင်း(၇)

           

             ဒေဝီ လဲကျနေရာမှအမြန်ထပြေးရန်
စိတ်ကူးမိပြီး မတ်တပ်ရပ်လိုက်သော်လည်း အ
လောကြီးနေပြီး ခြေထောက်ဟန်ချက်မမှန်သ
ဖြင့် ပြန်၍လဲကျသွားပြန်၏။

            ဘုတ်...အ!...

            လူရွယ်က စိုးရိမ်သွားဟန်ဖြင့်...

            "မကြောက်ပါနဲ့...ငါမင်းကို စနေတာ...
ငါ လူကောင်းပါ...ထမပြေးနဲ့ အနာတရဖြစ်လိမ့်
မယ်..."

          လူရွယ်က ဒေဝီ့အနားလျှောက်သွားပြီး
တွဲထူရန် ဒေဝီ့၏ပုခုံးစွန်းလေးကိုလက်တစ်ဖက်
ကကိုင်၍ ကျန်တစ်ဖက်ကဒေဝီ့လက်မောင်းကို
ဆုတ်ကိုင်လိုက်ပြီး သူမမက်တပ်ရပ်နိုင်ရန် တွဲ
ပေး၏။

         ဒေဝီ တဖြည်းဖြည်းမက်တပ်ရပ်လိုက်
ရင်း...

       "ရှင်...ရှင်က တကယ်လူကောင်းပါနော်..."

         "ဟုတ်ပါတယ်ဆို...ငါထပ်မရှင်းပြချင်ဘူး
... မယုံလည်းရတယ်..."

      "ရှင်ကဒီလိုအချိန်မျိုးမှာ ဒါမျိုးမစသင့်ဘူး
လေ...တောကြီးမျက်မည်းထဲမှာ ယောက်ျားပျို
တစ်ယောက်က ဒီလိုပြောတော့မကြောက်တဲ့
မိန်းကလေး ရှိပါ့မလား..."

           "အား!..."

           မက်တပ်ရပ်ရင်း ခြေထောက်ကနာနေသ
ဖြင့် ဟန်ချက်ပျက်သွားပြီးထိုသူ၏ရင်ခွင်အ
တွင်းသို့အလိုအလျောက်ရောက်ရှိသွားပြီး သူ
လည်းဒေဝီ့ကို မတော်တဆဖက်လိုက်မိသည်။
          နူးညံ့ထွေးအိနေသော ဒေဝီ၏ခန္ဓာကိုယ်
လေး၏အထိအတွေ့နှင့် အနီးကပ်ရလိုက်သော
ကြာညိုရနံ့ကိုယ်သင်းနံ့လေးကိုမြတ်နိုးမိသော်
လည်းနှမချင်းစာနာတက်ပြီး မာနရှိသောလူပျို
ရိုင်း၏မသိစိတ်ကြောင့် ဒေဝီ့ကိုတွန်းထုတ်လိုက်
မိသည်။
          
          "အ!..."

          ဒေဝီ ယိမ်းရိုင်သွားပြီး သစ်ပင်တစ်ပင်
ကို လက်ထောက်၍ဟန်ချက်ထိန်းလိုက်ရ၏။

       "ရှင်ဘယ်လိုဖြစ်နေတာလဲ ခြေထောက်က
နာနေပါတယ်ဆို..."

           တစ်ကြိမ်တစ်ခါမျှမဖြစ်ပေါ်ဖူးသောပြင်း
ပြစွာခုန်မိသော မိမိ၏နှလုံးခုန်သံကြောင့်ကိုယ့်
ကိုကိုယ် မလုံမလဲဖြစ်မိ၍ ဒေဝီ့ကို မျက်နှာလွှဲ
လိုက်ရင်း...

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now