၁၀

16 1 0
                                    

ပန်းခြွေမိစ္ဆာ                    
                               နှင့်
                  သတ္တမမြောက် အပျိုစင်

                         အပိုင်း(၁၀)

           အချိန်က မနက်၉နာရီခန့်ရှိပြီဖြစ်၏။
ဓမ္မချမ်းသာရွာကလေးကား နေရောင်ခြည်အ
သစ်များကို လက်ခံထွန်းလင်းလျှက်ပုံမှန်အ
တိုင်းသက်ဝင် လှုပ်ရှားလာပြန်၏။

           ကျွန်တော်တို့ ၄ ယောက်စလုံး ဘိုးတော်
ဦးဖြူစင်ထံမှ ပြန်ခဲ့ကြ၏။ ဦးတိုက်မောင်း၏
တိုက်တွန်းမှုနှင့် တင်တင်ထား၏ဖိတ်ခေါ်မှု
ကြောင့် ကျွန်တော်တို့သွားရောက်မိတ်ဆက်ခဲ့
ကြသည်။ဦးဖြူစင်ကလည်း ဖော်ရွေစွာဖြင့် ကျွန်တော့်တို့အား ဧည့်ခံပါ၏။
    ဘိုးတော်ဦးဖြူစင်မှာ ဤရွာတွင်အရေးအပါ
ဆုံး လူလိုဖြစ်နေသောကြောင့် ကျွန်တော်တို့
မဖြစ်မနေသွားရောက်တွေ့ဆုံသင့်သည်ဟု
ဦးတိုက်မောင်းကိုယ်တိုင်က တိုက်တွန်းခဲ့ခြင်း
ဖြစ်၏။
          ဦးဖြူစင်၏တပည့်များမှာလည်း ယဉ်
ကျေးပျူငှာသူများဖြစ်ပြီး ဆက်ဆံရေးကောင်း
မွန်ကြ၏။ သို့သော်လည်း ဘာကြောင့်မှန်းမသိ
၎င်းတို့အဖွဲ့၏ အမူအရာနှင့်ပြောစကားများမှာ
ဟန်ဆောင်မှုများပါဝင်နေသည်ဟု ကျွန်တော်
ထင်မိသည်။

          ရှိုင်းနေက..

     "ဒီဘိုးတော်က ဦးတိုက်မောင်း ထက်တောင်
ရွာသားတွေအပေါ်မှာ ဩဇာအာဏပိုရှိနေသလို
ပဲ...ရွာသူရွာသားတွေက သူ့ကိုတော်တော် လေး
စားကြတယ်..."

          မေရန်ငြိမ်းက ဝင်ပြော၏။

        "ငါတော့...ဘယ်လိုပြောရမလဲ..စိတ်ထဲ
တစ်မျိုးပဲ အဲ့ဒီ့ဘိုးတော်နဲ့ သူ့တပည့်တွေကလေ
လိုတာထက်ပိုပြီး သိမ်မွေ့နေကြသလိုပဲ...
ပြီးတော့ အဲ့ဒီ့အိမ်ကြီးထဲရောက်သွားတော့
စိတ်ထဲမှာ မကြည်လင်တော့သလိုပဲ...စိတ်ထင်
တာလည်းဖြစ်နိုင်ပါတယ်..."

        ဒေဝီက ငြိမ်၍နားထောင်နေရင်းမှ..

         "ဦးဖြူစင်အသုံးပြုတဲ့ ဗေဒင်ပညာ ပရ
ဆေးပညာတွေကဒေဝီလေ့လာမိသလောက်
တော့အဆင့်မမြင့်ဘူး... သာမာန်အဆင့်လောက်
ပဲရှိတယ်...ပြီးတော့..ရွာသားတွေပြောပြချက်
အရ တခါတလေထူးခြားတဲ့ တန်ခိုးဆန်ဆန်
ပြသမှုတွေဟာ ရိုးသားမှုကင်းစင်ပါ့မလားလို့
ဒေဝီ စဉ်းစားမိတယ်...
        ဥပမာ ရွာသားတွေပြောပြတဲ့ ကြေးစည်
တီးရင် အုန်းသီးကြွေကျတာတို့ ဆေးတောင်
ဝှေးနဲ့ အရုပ်ကိုတို့လိုက်ရင် မီးထတောက်တာ
တို့က ဒေဝီသိထားသလောက်တော့ လူတိုင်း
လိုက်လုပ်လို့ရတဲ့ မျက်လှည့်ဆန်ဆန် ပညာတွေ
ပါ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now