အမှောင်ကမ္ဘာရဲ့ အလင်းရှင်အပိုင်း(၅)
အခိုးအငွေ့ သဏ္ဌာန်ပုဂ္ဂိုလ်ကြီးက
စကားမဆိုသေးဘဲ ဒေဝီ့ကို ကြောက်
မက်ဖွယ်မျက်လုံးနီနီကြီးများဖြင့်စူးစိုက်
ကြည့်နေရင်း""""ငါက လူတွေရဲ့အကြောက်တရားကို
အရယူရတာ သဘောကျတယ်...လူအများစုက
အသက်သေမှာကို အကြောက်ဆုံးပဲ...
ငါကလည်း လူအများစုဆီကအသက်ကိုပဲ
တောင်းလေ့ရှိတယ်... ဒါပေမယ့် သီလအား
စင်ကြယ်တဲ့လူတွေကို အသက်တောင်းဆိုလို့
မရဘူး...
လုံလောက်တဲ့ သီလရှိတဲ့လူဆီက အသက်ကို
ယူမိရင် ငါ့ကိုလောကပါလနတ်မင်းတွေက
အပြစ်ပေးလိမ့်မယ်...
မင်းဟာလည်း သီလစင်ကြယ်သူဖြစ်နေ
လေတော့... မင်းရဲ့အကြောက်တရားကို
ငါ ခံစားခွင့်မရတော့ဘူးပေါ့...
ဒါပေမယ့်... မင်း အရမ်းကိုမနှစ်မြို့တဲ့အရာ
တစ်ခုကိုငါသိတယ်... မင်းက အတ္တကြီးပြီး
တကိုယ်ကောင်းဆန်တဲ့ လူတွေကိုမုန်းတယ်..
အဲ့လိုလူတွေနဲ့ မပါတ်သတ်ချင်ဘူးဆိုတာ
လည်းငါသိတယ်...
အဲ့ဒီ့အချက်ကပဲ မင်းဆီက တန်ရာတန်ကြေး
ယူစရာ ဖြစ်လာခဲ့တာပဲ...""""""မင်း... အခုကယ်တင်လိုက်တဲ့ မိုးသက်ထန်
ဆိုတဲ့တစ်ယောက်ရဲ့အိမ်မှာ ရက်ပေါင်း ခုနှစ်
ဆယ် တိတိ ကျွန်ခံရလိမ့်မယ်..."""နတ်ဆိုးမိစ္ဆာကြီး၏ ထူးဆန်းသော တောင်း
ဆိုမှုကြောင့် ဒေဝီ အံ့ဩသွားမိသည်။"ဘယ်လို... သူ့ဆီမှာ ကျွန်ခံရမယ်..."
"""ဟုတ်တယ်... အတ္တကြီးတဲ့လူတွေနဲ့
မပါတ်သတ်ချင်တဲ့မင်းက... မင်းဘဝအခြေ
အနေနဲ့ အတ္တကြီးတဲ့လူဆီမှာ ကျွန်ခံရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့ဘူးမဟုတ်
လား....""""""ဘာပဲဖြစ်ဖြစ် အသက်ကိုမယူတာပဲ
မင်းကံကောင်းတယ်မှတ်ပါ... တစ်ခုမှတ်
ထားရမှာက သူ့ဆီမှာ ရက်ပေါင်း ခုနှစ်ဆယ်
အစေအပါးအဖြစ်နဲ့နေတဲ့အခါမှာ မင်းရဲ့ဘဝ
အမှန်နဲ့ သူ့ကိုကျိန်စာအသင့်ခံပြီးကယ်တင်ခဲ့
တယ်ဆိုတာကို လုံးဝဖုံးကွယ်ထားပါ...
အဲ့ဒီ့အကြောင်းတွေကို သူ့ကိုသိအောင်
ပြောပြတာပဲဖြစ်ဖြစ် စာရေးပြတာပဲဖြစ်ဖြစ်
ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကို
တဆင့်ပြောပြခိုင်းတာပဲဖြစ်ဖြစ် လုပ်ခဲ့ရင်
အဲ့ဒီ့နေ့မင်းသေရလိမ့်မယ်...
တခြားတစ်ယောက်ယောက်က မင်းဘဝ
အမှန်နဲ့ သူ့ကိုကျိန်စာအသင့်ခံပြီး ကယ်တင်
ထားတဲ့အကြောင်း သူ့ကို ပြောပြဖို့အသိပေးဖို့
ကြိုးစားရင်လည်း မင်းရအောင်တားရလိမ့်မယ်...
မသေချင်ရင်ပေါ့...
နောက်တစ်ခုက ရက်ပေါင်းခုနှစ်ဆယ်
မပြည့်ခင်မှာ သူပြောသမျှအားလုံးကို မင်း
လိုက်လျောပေးရလိမ့်မယ်... မင်းကသူ့ရဲ့
ကျွန်ဖြသ်တဲ့အတွက် သူဘာပဲတောင်းဆို
တောင်းဆို မင်းအကုန်လိုက်လျောရမယ်...
ကုန်ကုန်ပြောမယ် သူကမင်းကိုသတ်ရင်
တောင်မင်းသေပေးရမယ်... သူက မင်းရဲ့
အပျိုစင်ဘဝကို ယူရင်တောင် မင်းလိုက်
လျောရလိမ့်မယ်...
သူအမိန့်ပေးတာ တောင်းဆိုတာ တစ်ခုခု
ကို မင်းဘက်က ငြင်းဆန်တာနဲ့ အဲ့ဒီ့နေ့
မင်းသေရမယ်..."""
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇