အပိုင်း ၂

41 2 0
                                    

အပိုင်း(၂)

      ညနေ နေဝင်တော့မည်။ အလင်းရောင်ကျန်
နေသေးသော်လည်း တောရိပ်တောင်ရိပ်များ
ကြောင့် အမှောင်ရိပ်က စောလျှင်စွာနေရာယူ
ရန်ကြိုးပမ်းလျှက်ရှိနေချေ၏။
    အောင်ဖေနှင့် နှင်းမေတို့ မောင်နှမနှစ်ယောက်
လည်း မမှောင်ခင်ရွာသို့ပြန်ရောက်လိုလှသဖြင့်
ထင်းစည်းကိုယ်စီသယ်လျှက် ရွာသို့ခပ်သုတ်
သုတ်လျှောက်လာကြ၏။
      ထင်းခွေသွားချိန် နောက်ကျခဲ့သဖြင့် ယခုကဲ့
သို့ အပြန်နောက်ကျနေခဲ့ခြင်းဖြစ်သည်။မောင်နှ
မနှစ်ယောက်သား ထင်းစည်းလေးတွေကိုယ်စီ
နှင့် လျှောက်လာကြသည်မှာ တောစပ်ရောက်
လာပြီး ရွာသို့ပင်လှမ်းမြင်နေရပြီဖြစ်သည်။
     တောစပ်သို့အရောက် ရုတ်တရက် တိရိစ္ဆာန်
တစ်ကောင်၏ မာန်ဖီသံလို အသံမျိုးကိုကြား
လိုက်ရ၍ ၂ ယောက်စလုံးခြေလှမ်းများတုံ့ဆိုင်း
သွားကြ၏။

        ဂီး....ဂရား....ဂါး....

         ဝှစ်...ဝုန်း.....ဂရား....ဂါး...

       ရုတ်တရက် သူတို့အရှေ့သစ်ပင်ကြီးပေါ်မှ
ခုန်ဆင်းလာကာ သူတို့၏သွားလမ်းကိုပိတ်ရပ်
လိုက်သော ကြောက်စရာ သတ္တဝါကြီးတစ်
ကောင်....

          "ဟာ..."
    
          "ဟင်....."

          သတ္တဝါကြီးက လူကဲ့သို့မက်တပ်ရပ်နေ
သော်လည်း ဝံပုလွေဦးခေါင်းနှင့်ဖြစ်ပြီး မာန်ဖီ
နေသဖြင့် အစွယ်ဖွေးဖွေးများကို အတိုင်းသား
မြင်နေရ၏။ပို၍ကြောက်စရာကောင်းသည်က
လက်နှစ်ဘက်တွင် ပါသောလက်သည်းရှည်ကြီး
များဖြစ်သည်။သတ္တဝါကြီးက သူတို့မောင်နှမ
အား ရန်လိုသော အကြည့်ဖြင့်စူးစိုက်ကြည့်နေ
ချေ၏။

          ဂါး...ဂရား....

        နှင်းမေလည်း အထိတ်တလန့်ဖြင့် သတ္တဝါ
ကြီးကိုကြည့်နေရင်းမှ..

        "အ ကိုကြီး...ဒါ...ဘာကောင်ကြီးလည်း...
ရွာသားတွေပြောပြောနေတဲ့ သမန်းဝံပုလွေဆို
တာများလား...."

           အောင်ဖေက နှင်းမေ၏မေးခွန်းကိုပြန်မ
ဖြေဘဲ သတ္တဝါကြီးကိုသာစူးစိုက်ကြည့်နေ၏။
ထို့နောက် တိုးတိုးပြောလိုက်၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now