အပိုင်း ၁၂

26 1 0
                                    


အပိုင်း(၁၂)

       "မသွားဘူး...ဆေးခန်းမသွားဘူး...ခဏနား
လိုက်ရင် သက်သာသွားမှာပါ...."

         သူမထိုသို့သာပြောပြီး ခုံတန်းတစ်ခုတွင်
သွားထိုင်ကာ ကျောမှီလျှက်မှိန်းနေ၏။

         ကျွန်တော်သတိထားမိသည် မာယာက
ဆေးခန်းသွားရသည်ကို အလွန်မနှစ်မြို့ဖွယ်ရှိ
၏။ဆေးထိုးခံရမှာကြောက်၍လားတော့
မသိပါ။

         ၂ ယောက်ထိုင်ခုံတန်းဖြစ်သည်မို့ ကျွန်
တော် သူမ၏နံဘေး၌ ဝင်ထိုင်လိုက်၏။

         " မာယာ...သက်သာရဲ့လား...."

           သူမခေါင်းကို ခပ်ဆက်ဆက်၂ချက်ညိမ့်
ပြရင်း...

          "မာယာ့မှာ နှလုံးရောဂါအခံရှိလို့ပါ...အခု
သက်သာသွားပါပြီ...."

        "ခုဏ တုန်းကမင်းပြောတဲ့ ရွှေလင်းယုန်ဆို
တာက ဘယ်သူလည်း..."

           "ဟို...ဟို...မာယာ့ရဲ့ မောင်ဝမ်းကွဲလေး
တစ်ယောက်ပါ..ရှင်ခုန မျက်နှာဖုံးစွတ်လိုက်တာ
သူနဲ့ တူသွားလို့ပါ....ဆုံးသွားပြီလေသူက အဲ့ဒါ
သူ့ကိုသတိရမိပြီး စိတ်မကောင်းဖြစ်သွားတာ.."

         "ေဩာ်....အဲ့လိုလား....နေသိပ်မကောင်း
ရင်အိမ်ပြန်နားလိုက်တော့လေ...ငါလိုက်ပို့ပေး
မယ်...."

           မာယာပြုံး၍ ခေါင်းညိမ့်ပြ၏။

�����

        " ရှိုင်း!!!!...."

       ရိုစီ အလန့်တကြားနိုးလာခဲ့သည် အိမ်မက်
က ပီပြင်လွန်းသည်မို့ ထိတ်လန့်တကြားနိုးထ
လာမိသည်။သူမ၏နံဘေးမှ ရှိုင်းနေပါလန့်နိုး
လာခဲ့သည်။

      "ရိုစီ...ဘာဖြစ်လို့လည်း...ဩ...အိပ်မက်ဆိုး
မက်တာထင်တယ်...."

         ရှိုင်းနေက ကုတင်ဘေးစားပွဲပေါ်ရှိ ရေဗူး
အတွင်းမှရေကို ခွက်ဖြင့်ထည့်ရင်း ရိုစီ့ကိုကမ်း
ပေး၏။ထို့နောက် နံရံကပ်မီးခလုတ်ကိုလှမ်းဖွင့်
လိုက်၏။

       "ရော့...ရေသောက်လိုက် ရိုစီ..."

        သူမ ရေခွက်ကိုလှမ်းယူသောက်လိုက်ပြီးမှ

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now