ပန်းခြွေမိစ္ဆာ
နှင့်
သတ္တမမြောက် အပျိုစင်
အပိုင်း(၅)
ဦးမိုးမှောင် မန္တန်တစ်ပုတ်ကိုခပ်တိုးတိုး
ရွတ်ဆိုရင်း ငုဝါ၏သွေးစက်ရှိနေသောဖန်ခွက်
ငယ်အတွင်းသို့ အစီအရင်ပြုလုပ်ထားသော ရေ
အချို့ကို အရိုးခေါင်းသဏ္ဍန်ရေတခေါင်းအ
တွင်းမှ ငှဲ့ထည့်လိုက်၏။အစိမ်းရောင်သမ်းနေ
သောရေများနှင့် ငုဝါ၏သွေးစက်တို့ရောနှော
သွား၏။
အတန်ငယ်မှောင်နေသော မြေတိုက်ခန်း
အတွင်း၌ ထိုဖန်ခွက်မှအနီရောင်မီးလုံးကဲ့သို့
တောက်ပလာမည့်မျှော်လင့်ချက်ဖြင့် ဦးမိုး
မှောင်၏မျက်လုံးအစုံတို့ လောဘအရောင် တ
ဖိတ်ဖိတ်တောက်နေသည်။သို့သော်သူထင်ထားသလိုဖြစ်မလာဘဲဖန်
ခွက်ငယ်အတွင်းမှရေများမှာ ရုတ်တရက်အနက်
ရောင်အဖြစ်သို့ ပြောင်းလဲသွားတော့၏။" တောက်!!..."
"ဟာ...သွားစမ်းကွာ..."
ခွမ်း....
ဦးမိုးမှောင် ဒေါသတကြီးတက်ခေါက်၍
ဖန်ခွက်ကိုကိုင်ပေါက်လိုက်တော့၏။"အပျိုစင်ထင်နေတာ...ဘယ်အချိန်က
ဘယ်လို တော်သလင်းဇာတ်ကထားလဲမသိဘူး..
တောက်!... ထွီ!...""ဟား...ဟား....ဟား..."
ဦးမိုးမှောင်က နောက်ဖက်မှရယ်သံကြောင့်
ဒေါသတကြီးလှည့်ကြည့်မိသည်။ဘယ်အချိန်ကရောက်နေမှန်းမသိသောညီဖြစ်သူမင်းကျော်က ရယ်မောသည်ကိုအရှိန်မသက်နိုင်သေးပါ။"ဘာရယ်စရာရှိလို့လဲ ေ-ာက်ရူးရဲ့..."
"အကိုကြီးကို ကျွန်တော်ပြောသားပဲ ငုဝါ
က အပျိုမစစ်နိုင်ပါဘူးလို့...သူ့ရည်းစားဖိုးရာဆို
တဲ့ကောင်က လက်ရဲဇတ်ရဲနဲ့ ဒီကောင်လားဥ
ပုဒ်စောင့်မှာ ဒီခေတ်မှာချစ်သူကို အရုပ်ကလေး
လို တမြတ်တနိုး အလှကြည့်ရုံကြည့်တဲ့ကောင်
ဆိုတာ ရှားပါးလူသားဖြစ်သွားပြီအကိုကြီး...
သူတို့က မကြာခင်ယူကြတော့မှာလေ...
ရွာနောက်ကွင်းထဲကို ခဏခဏသွားချိန်းတွေ့
ကြတာ ကျွန်တော်သိတယ်...ဟိုကိစ္စလည်းဖြစ်
ပြီးလောက်ရောပေါ့...."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇