အပိုင်း ၃၃

24 1 0
                                    

ရင်ကွဲတစ္ဆေ

                         အပိုင်း(၃၃)

      """အား!!....."""

      ဒေဝီ ကြိုး၏တင်းကြပ်မှုဒဏ်ကို အံကျိတ်ခံရင်း
ရှိုင်းနေကို နာကျည်းစွာဖြင့် စူးစိုက်ကြည့်ရင်း

      """ငါ အရင်တစ်ခါကလည်း မေတ္တာနဲ့ယုံကြည်မှု
ကြောင့် ငါ့အသက်ကိုနင့်ကိုပေးခဲ့ရတယ်...
အခုတစ်ခါလည်း ငါရဲ့မေတ္တာကြောင့် ဒုက္ခထပ်
ရောက်ရပြန်ပြီ...
      ဒီကြိုးက ချစ်ခြင်းမေတ္တာကိုအသုံးချပြီး ချည်
နှောင်တဲ့ကြိုးဆိုတာငါသိတယ်...
     နင့်ကိုချစ်နေသေးတဲ့ငါ့ကိုငါ မုန်းတယ်...နင့်ကို
လည်းအရမ်းမုန်းတယ်...အား..."""

       ရှိုင်းနေ ဒေဝီ့ကိုတောင်းပန်သော အကြည့်
ဖြင့်ကြည့်ရင်း

       "ဆာကူရာ...ငါ အတိတ်ဘဝကအကြောင်း
တွေကိုမမှတ်မိပါဘူး...ဒါပေမယ့် ငါသိတယ်...
ငါဖြစ်ခဲ့ဖူးတဲ့မိုးညိုဟာ...နင့်ကိုသေစေချင်တဲ့စိတ်
နဲ့ သတ်ခဲ့တာမဖြစ်နိုင်ပါဘူးဟာ...တော်လှန်ရေး
အတွက်လိုအပ်လို့ စတေးခဲ့ရတာပါ...
     ငါ့အထင်တော့ မိုးညိုရဲ့ရင်ထဲမှာလည်း နင့်ကို
သတ်မိခဲ့လို့ ခံစားနေခဲ့ရမှာသေချာပါတယ်..."

      "နင်ရော...ပျံလွှားနီကို သတ်ချင်လို့သတ်ခဲ့တာ
လား...ဒါမှမဟုတ် နင်တို့နီပွန်တွေအတွက် လို
အပ်လို့လုပ်ခဲ့ရတာလား..."

     ရှိုင်းနေ၏ မေးခွန်းကြောင့် ဒေဝီ့မျက်နှာလေး
ဒေါသအရိပ်အရောင် နည်းသွားပြီး အနည်းငယ်
သိမ်ငယ်သော မျက်နှာလေးဖြစ်သွားရင်း

     """ဘာပဲဖြစ်ဖြစ်ငါ...ပျံလွှားနီကို ရိုးရိုးသားသား
ဓားရေးယှဉ်ပြီးသတ်ခဲ့တာ...မိုးညို....နင်ကကျ
တော့ ငါ့ကို...ငါ့အချစ်ကိုခုတုံးလုပ်ပြီး အကွက်ချ
ပြီး ရက်စက်ခဲ့တာလေ..."""

      " မိုးညို တို့ချစ်သူ နှစ်ယောက်စလုံးက နင့်ကို
လေးစားကြပါတယ် ဆာကူရာ... သူတို့နင့်ကို
မမုန်းခဲ့ကြပါဘူး...ပြီးတော့နင် မတရားအချုပ်အ
နှောင်ခံခဲ့ရတာကို မိုးညိုလုံးဝမသိသွားခဲ့ပါဘူး..."

      ဒေဝီ မျက်ရည်တို့စီးကျလာရင်း

       """ဘာပဲဖြစ်ဖြစ် ငါ့ရင်ထဲက အမုန်းတွေက
နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့တာ...ငါနင်တို့
ကို ခွင့်လွတ်မှာမဟုတ်ဘူး မိုးညို...ငါ အခုအချုပ်
ခံထားရပေမယ့်...ငါလွတ်မြောက်တာနဲ့ နင်တို့
ကိုသတ်မှာ...
      ငါ့အချစ်ကို အသုံးချပြီးငါ့ကို ရက်ရက်စက်စက်
သတ်ခဲ့တဲ့အတွက် နင်တန်ရာတန်ကြေးတော့
ပြန်ပေးရမယ် မိုးညို..."""

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now