အခန်း ၁၂

91 3 0
                                    

နှလုံးသွေးနဲ့ ရေးတဲ့ကျိန်စာ အပိုင်း(၁၂)
           

         အက်ကွဲကွဲရယ်သံတစ်ခုနှင့် စကားသံ
ကြောင့် ကျွန်တော်လဲကျနေရာမှ အမြန်ထထိုင်
လိုက်ပြီး မှောင်နေသော ဘယ်ညာဝန်းကျင်ကို
ကြည့်လိုက်မိသည်။

          မှောင်နေသဖြင့် ဘာကိုမှသဲကွဲစွာမမြင်ရ
သဖြင့် ကျွန်တော်အမြန်ထကာ အိမ်ထဲမှပြေး
ထွက်လာခဲ့သည်။ အိမ်ပြင်ရောက်မှ ကားသော့
မေ့ကျန်ခဲ့မှန်းသတိရသဖြင့် ကျွန်တော်စိတ်ပျက်
သွားမိသည်။
          အိပ်ခန်းရှိရာ ပြန်ပြေးလာခဲ့၏။ မှောင်နေ
သော်လည်း အတက်နိုင်ဆုံး ခြေလှမ်းမမှား
အောင် အိပ်ခန်းရှိရာသို့ ပြေးလာခဲ့၏။

           ဝုန်း...

           အိပ်ခန်းတံကားကို အမြန်ဖွင့်လိုက်ရင်း
ကုတင်နံဘေးရှိ ကားသော့ကိုပြေးယူရန် ခြေ
လှမ်းလိုက်စဉ်

           ""ဟား...ဟား...ဟား...ဟား...ဒီညနင့်
ကောင်မလေးကို ငါ့သားငနက်ကြီးက စားတော့
မှာ နင်သွားကယ်လည်း မမှီတော့ဘူး...
          နင့်ကောင်မလေးရဲ့လိပ်ပြာကို ငနက်ကြီး
က စားတော့မှာ နင်သွားလည်း နင့်ချစ်သူချော
ချောလေးက ဝိညာဉ်မရှိတော့တဲ့ခန္ဓာကိုယ်လေး
ပဲကျန်နေတော့မှာ...ဟား...ဟား...ဟား...ဟား...""

          ကျွန်တော် ကားသော့ကိုအမြန်ပြေးယူ
လိုက်ပြီး အိမ်အောက်ထပ်သို့ အမြန်ပြေးဆင်း
ခဲ့ပြန်၏။ အိမ်အပြင်သို့ရောက်သည်နှင့် ကား
ပေါ်တက်ကာ အမြန်ဆုံးမောင်းထွက်လာခဲ့၏။
           ကျွန်တော်ကြားနေရသော မိန်းမတစ်
ယောက်၏ အက်ကွဲကွဲအသံကို ဂရုမစိုက်နိုင်
တော့ပါ။ ပန်းနုကို စိုးရိမ်နေသောစိတ်က ပို၍
ကြီးစိုးနေ၏။

          ကားကို အမြန်ဆုံးမောင်း၍ပန်းနုအိမ်ရှိ
ရာသို့ မောင်းလာခဲ့သည်။

          ဝေါ...ဝရော....

           စိတ်လောနေ၍ ကားကို အမြန်ဆုံး
မောင်းနေမိသည်။ ကားအတန်ငယ်ရှင်းနေ၍
တော်သေးတော့၏။

            ဝူး....ဝေရာ...

            ရုတ်တရက် ရထားလမ်းကူးနေရာ သံ
လမ်းပေါ်တွင်ကားက စက်ရပ်သွားသဖြင့် ကျွန်
တော်စိတ်ပျက်စွာ စုတ်သပ်လိုက်မိသည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now