အပိုင်း ၁၇

21 1 0
                                    


ရင်ကွဲတစ္ဆေ

                      အပိုင်း(၁၇)

      မေသူလေးကအထိတ်တလန့်အမူအရာဖြင့်
ငိုရင်းပြောနေသလို ကျွန်တော်လည်းရုတ်တရက်
အံ့အားသင့်သွားမိသည်။
      ရုတ်တရက်ကားပေါ်မှ လူ၂ယောက်လည်း ကား
တံခါးတစ်ဖက်ဆီမှ ဆင်းလာကြ၏။ တစ်ယောက်က
ခန္ဓာကိုယ်တောင့်တင်း ထွားကျိုင်းပြီး ကျန်တစ်ယောက်
ကပိန်လီပြီးစုတ်ချွန်းချွန်းမျက်နှာမျိုးဖြစ်၏။
     ၂ယောက်စလုံးက မိုက်တိမိုက်ကမ်းရုပ်များဖြင့်
ကျွန်တော်နှင့် မေသူကိုရန်လိုသော မျက်လုံးများဖြင့်
ကြည့်လာကြသည်။

    " မေမေ့ကိုသတ်တာသူ...မေမေ့ကိုသတ်တာအဲ့ဒီ့
မမ...ဟီး....အဟင့်..."

       မေသူက အော်ငိုကာပြောနေသဖြင့်ကြာနက်
သာမက ကျန်၂ယောက်ပါရုတ်တရက် ခြေမကိုင်
မိလက်မကိုင်မိဖြစ်နေကြ၏။မထင်မှတ်ထားသော
အခြေအနေမဟုတ်ပါလား...

      ကျွန်တော် သူမနှင့် သူမ၏အဖော်၂ယောက်
အား စေ့စေ့ကြည့်၍ပြောလိုက်၏။

       "ကလေးဆိုတာ မညာတက်ဘူး...ပြီးတော့...
မင်းတို့ရဲ့ပျက်နေတဲ့ အမူအရာတွေက ဒီကလေး
ပြောတာ အမှန်ပဲဆိုတာဝန်ခံနေတယ်...
      လက်စသတ်တော့ အဲ့ဒီ့ညကတွေ့ခဲ့တဲ့ မျက်နှာ
ဖုန်းစွတ်တွေက မင်းတို့တွေကိုး...
      မင်းတို့တော်တော် ရက်စက်ယုတ်မာကြတာပဲ...
မိသားစုတစ်ခုကို ရက်ရက်စက်စက်သေကွဲကွဲ
အောင်လုပ်ပစ်တယ်..."

     ခန္ဓာကိုယ်တောင့်တင်းသောသူက ကျွန်တော့်
ကိုမဲ့ပြုံးပြုံး၍ကြည့်လာပြီး

      "မင်းကိုမြင်ဖူးပါတယ်ထင်နေတာ အဲ့ဒီ့ညကငါ
တို့ကိုဝင်ရှုပ်တဲ့၃ယောက်ထဲက တစ်ယောက်ပဲ...
မင်း...ဒီကိစ္စမှာ ပါဝင်ပါတ်သတ်နေတာ ကိုယ့်သေ
တွင်းကိုယ်တူးတာပဲကွ..."

     ကျွန်တော်ထိုသူ့ကို ဒေါသမျက်ဝန်းတို့ဖြင့် ကြည့်
လိုက်မိသည်။ မတရားမှုကိုမုန်းသောကျွန်တော့်
သွေးတို့ကရုတ်တရက်ဆူပွက်လာခဲ့သည်။

    "အမှောင်က အလင်းကိုအနိုင်ရရိုးထုံးစံမရှိဘူး
ကွ...မင်းတို့ သူများအသိုက်အမြုံကိုဖျက်ဆီးတဲ့ မင်းတို့
ထိုက်သင့်တဲ့ ပြစ်ဒဏ်ပြန်ခံရမှာပဲ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now