အခန်း ၁၄

89 5 0
                                    

နှလုံးသွေးနဲ့ ရေးတဲ့ကျိန်စာ
  အပိုင်း(၁၄)

      သရဖူ သတိရရချင်း မှောင်ရိပ်သန်းနေသော
ပတ်ဝန်းကျင်ကြောင့် ထိတ်လန့်သွားမိပြီး အမြန်
ထထိုင်လိုက်မိသည်။ အတန်ငယ် မှောင်မိုက်နေ
ပြီး ခြောက်ချားစရာကောင်းလှသောဤနေရာ
သို့ သူမမည်သို့ရောက်လာသည်ကို စဉ်းစားမရ
ဘဲရှိနေ၏။ ဘာကြောင့်မှန်းမသိ သာမာန်အချိန်
များနှင့်မတူ အလိုလိုကြောက်ရွံ့သိမ်ငယ်စိတ်
များ ဖြစ်ပေါ်နေမိသည်။

          "အား...ကျွတ်...ကျွတ်..."

          "ဟင်..."

          သူမ၏အနီးမှလူတစ်ယောက်၏ညည်း
တွားသံကိုကြားလိုက်ရသဖြင့် သရဖူအသံကြား
ရာသို့ကြည့်လိုက်မိသည်။
          မှောင်ရိပ်သမ်းနေခြင်းကိုအနည်းငယ်
ကျင့်သားရလာပြီဖြစ်သောကြောင့် သူမ၏နံ
ဘေးတွင်ရှိနေသူမှာ သူမ၏ခင်ပွန်းအာကာဖြစ်
သည်ကိုတွေ့လိုက်ရ၏။

          "ဟင်...မောင်..."

           အာကာကမူးနောက်နေသော ဦးခေါင်း
ကိုခါယမ်းလိုက်ကာ သူမကိုပြန်ကြည့်ရင်း

          "သရဖူလား...ဒါ...ဒါဘယ်နေရာကြီးလဲ...
ဘာမှလည်း သဲသဲကွဲကွဲမမြင်ရဘူး..."

           ""ဟား....ဟား....ဟား....ဟား....""

           ရုတ်တရက် အမျိုးသမီးတစ်ယောက်၏
ရယ်သံကိုကြားလိုက်ရပြီး ခြောက်ချားစရာရယ်
သံကြောင့် ၂ယောက်စလုံး ထိတ်လန့်သွားမိကြ
သည်။ ထို့နောက် အကောင်အထည်မမြင်ရဘဲ
စကားသံများကို ၂ယောက်စလုံးပီသစွာကြား
လာရ၏။

           ""ဒီနေရာက လမ်းပျောက်နေတဲ့ဝိညာဉ်
တွေရဲ့ကမ္ဘာ အမှောင်လောကပဲ....ဝိညာဉ်အစစ်
မဖြစ်သေးတဲ့ လိပ်ပြာတွေဟာ လူ့လောကကို
ပြန်ဝင်တဲ့ အလင်းတံခါးဆီကို အချိန်မှီရောက်
အောင်ပြေးနိုင်ရင် လူ့ပြည်မှာပြန်ပြီး အသက်
ဆက်နေထိုင်ခွင့်ရမယ်....
          အခုနင်တို့ ၂ယောက်ထဲက တစ်ယောက်
ပဲ အလင်းတံခါးထဲကိုပြန်ဝင်ခွင့်ရှိတော့တယ်...
တစ်ယောက်ယောက်ကတော့ သေကိုသေရ
မယ်....ကျန်ရစ်ခဲ့တဲ့သူရဲ့ဝိညာဉ်ဟာ အမှောင်
ကမ္ဘာထဲမှာ အထီးကျန်လေလွင့် ဝိညာဉ်အဖြစ်
နှစ်ပေါင်း များစွာ နေခဲ့ရလိမ့်မယ်...""
          
            ""ကဲ...ပြေးကြတော့...အလင်းတံခါးဆီ
ရောက်အောင် ပြေးကြ....တစ်ခုမှတ်ထားရမှာ
က အလင်းတံခါးဆီကို အရင်ရောက်တဲ့သူက
သာ အသက်ဆက်ရှင်ခွင့်ရမယ်....
          လမ်းမှာနှောက်ယှက်တဲ့ ဝိညာဉ်တွေကို
သုတ်သင်ဖို့ ဓားတစ်ချောင်းစီပေးလိုက်မယ်....
ဝိညာဉ်တွေတင်မကဘူး...နင်တို့အချင်းချင်း
လည်း အသက်လုဖို့ တိုက်ခိုက်ရင် တိုက်ခိုက်ရ
မှာပဲ....
       တကယ်အသက်လုရတဲ့အချိန်မှာ ချစ်သူတွေ
လည်း ရန်သူတွေ ဖြစ်လာကြတယ်ဆိုတာ နင်
တို့ သိလာစေရမယ်... လူဆိုတာ ကိုယ့်ကိုကိုယ်
သာအချစ်ဆုံးပဲ....နင်တို့၂ယောက် ဘယ်သူအတ္တ
ပိုကြီးလဲဆိုတာ ငါပျော်ပျော်ကြီးစောင့်ကြည့်နေမယ်
ဟား....ဟား....ဟား.....""

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now