၁၁

16 0 0
                                    

ပန်းခြွေမိစ္ဆာ
                               နှင့်
                  သတ္တမမြောက် အပျိုစင်

                        အပိုင်း(၁၁)

          
             တစ်ကြိမ်တစ်ခါမျှမရောက်ဖူးသောနေ
ရာဖြစ်သော်လည်း ဤနေရာအား ရင်းနှီးကျွမ်း
ဝင်စွာ နေထိုင်ဖူးသလို ဒေဝီခံစားနေရ၏။
           နှစ်ချို့သစ်ပင်ကြီးများ၊ မျက်စိတဆုံး
ကျယ်ပြောလှသော ဝါးတောစိမ်းစိမ်းများ၊ အ
ပေါ်စီးမှမြင်နေရသော စမ်းချောင်းငယ်လေး
များ၊ကျောက်တောင်နံရံ၌တွယ်ကပ်ပေါက်နေ
သော ရောင်စုံတောပန်း သစ်ခွများ နှင့် အရောင်
အသွေးစုံလင်လှသော လိပ်ပြာလေးများက
ဆုန်ဆန်ချီ ပျံသန်းနေကြ၏။
          သာယာလှပလွန်းသောဤနေရာသည်
နတ်တို့ စံမြန်းသောဘုံနန်းတစ်ခုပေလောဟု
ဒေဝီ တွေးလိုက်မိသည်။
         သူမနောက်ဘက်သို့ လှည့်ကြည့်မိ၏။
စေတီပုထိုးများ ဗုဒ္ဓရုပ်ပွားတော်များနှင့် ပြိုပျက်
နေသော စေတီဘုရားအချို့ကိုတွေ့ရ၏။

         "ညီမလေးရေ...ပြန်လာတာလား...စော
သေးတယ်မို့လား..."

         "ဟင်..."

         ဒေဝီ အသံကြားရာနောက်ဘက်သို့လှည့်
ကြည့်မိလိုက်၏။

        နတ်ဝတ်တန်ဆာများလို ပြိုးပြက်တောက်
ပနေသော ရောင်စုံအဝတ်အစားများနှင့် ပြစ်မျိုး
မှဲ့မထင် ချောမောလှပသော မိန်းကလေး ၅
ယောက်က ဒေဝီ့အားပြုံး၍ကြည့်နေကြ၏။

         ဒေဝီသူမတို့အား ရင်းနှီးသလိုရှိသော်
လည်း မမြင်ဖူးပါ။

         "သမီး...."

         ဒေဝီ နောက်ဘက်မှအသံကြား၍လှည့်
ကြည့်မိပြန်၏။

          ဝတ်ဖြူစင်ကြယ်နှင့် ဥပဓိရုပ်ခန့်ညား
သားနားသော လူကြီးတစ်ယောက်က သူမ
အားပြုံး၍ကြည့်နေ၏။ ထိုလူကြီး၏ဥပဓိရုပ်
မှာ နှုတ်ခမ်းမွှေးစစနှင့် ဆွတ်ဆွတ်ဖြူနေသော
ဆံပင်ကို ယောင်ထုံး ထုံးထား၏။မြင်သည်နှင့် နှစ်လိုဖွယ်အေးချမ်းလှ၏။
         ဘာကြောင့်မှန်းမသိ ဒေဝီထိုလူကြီးကို
မြင်သည်နှင့် ဝမ်းနည်းသလိုလို ဝမ်းသာသလို
လို ခံစားလာရ၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now