အပိုင်း ၉

24 3 0
                                    


အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                       အပိုင်း(၉)

      အရပ် ၈ မျက်နှာစလုံး မှောင်မိုက်နေသည်မို့
မိုးသက်ထန် လမ်းပျောက်၍နေ၏။
      အရိပ်မည်းများ ဝန်းရံနေပြီး ၎င်းတို့ထံမှ
ညီးသံလိုလို အသံကြီးများလည်း ထွက်ပေါ်
၍နေသည်။

    ဟီး...ဟီး...ဟီး...

    မိုးသက်ထန် ကြောက်ရွံ့တုန်လှုပ်မှုကြောင့်
ဆောက်တည်ရာ မရဖြစ်နေမိသည်။ သူ၏
ရင်ထဲ၌ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ဖူးသော
အားငယ် ကြောက်ရွံ့စိတ်တို့ ဖြစ်ပေါ်နေမိ
သည်။

    သူ၏ အနီးဝန်းကျင်မှ အရိပ်မည်းကြီး
တစ်ချို့က သူ၏အနီးသို့ ပိုကပ်လာကြပြီး
လက်တန်ရှည်ကြီးများနှင့် သူ့အားဖမ်းချုပ်
ဆွဲကိုင်ရန်ကြိုးစားကြပြန်၏။

     အမှောင်ရိပ်များသာဖုံးနေပြီး ပြန်လမ်း
ရှာမရသော ဤနေရာတွင် အရိပ်မည်းကြီး
များ ဖမ်းချုပ်မည်ကိုလည်း အသည်းအသန်
ရှောင်ရှားနေရရင်း မိုးသက်ထန် ပို၍အား
ငယ်လာမိသည်။

    ထိုအခိုက်...

     မလှမ်းမကမ်းနေရာမှ အလင်းစုတစ်ခု
ဖြာထွက်လာပြီး ထိုအလင်းစုမှ တံခါးပေါက်
ပုံသဏ္ဍာန်တစ်ခု ဖြစ်လာတော့သည်။
ထိုတံခါးပေါက်မှ ကိုယ်ရောင်ကိုယ်ဝါတောက်
ပနေသော မိန်းမပျိုတစ်ရောက် အမှောင်လော
ကကြီးအတွင်းသို့ ပြေးဝင်၍လာ၏။
      လှပကျော့ရှင်းသော ခန္ဓာကိုယ်လေးနှင့်
ဖြူဝင်းသော အသားအရည်ရှိနေပြီး ခန္ဓာ
မှ ကိုယ်ရောင်ကိုယ်ဝါတို့ လင်းလက်နေသော
ထို မိန်းမပျိုလေး ပြေးလာရာလမ်းတစ်လျှောက်
တွင် အလင်းမှုံများကျန်နေခဲ့ပြီး လင်းကျန်ရစ်
ခဲ့ပြီး စက္ကန့်အနည်းငယ်ကြာမှ ပြန်မှောင်သွား
၏။
     သူမလာရာ လမ်းတလျှောက်ခဏတော့
လင်းထိန်၍သွားပြီး အကောင်းဆိုးဝါး အရိပ်
မည်းကြီးများက သူမပြေးလာရာ လမ်းမှ
အလောတကြီး ရှောင်ရှားကုန်ကြ၏။

    မိုးသက်ထန် လှပပြီး တောက်ပလွန်းလှသော
မိန်းမပျိုလေးကို ငေးကြည့်နေမိသည်။
    သို့သော် သူမ၏မျက်နှာနေရာမှာ အလင်းမှုံ
တို့ စုဝေးနေပြီး သဲကွဲစွာမြင်တွေ့ရခြင်းမရှိ
ပါ။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now