အပိုင်း(၄)
ဝှစ်....
လေအဟုန်လိုမြန်ဆန်လှသောအရိပ်တစ်
ခုက ထားရီနှင့် သတ္တဝါကြီးတို့အကြားရုတ်တ
ရက်ရောက်ရှိလာ၏။ဂါး....ဂရား....
"ဟင်...ရွှေလင်းယုန်..."
သူမ၏မျက်နှာလေး ထိန်လန့်နေသောအမူ
အယာမှ အားတက်ရွှင်ပျသွားပုံရ၏။သူမ မ
သေနိုင်တော့ပါ။ရွှေလင်းယုန်ကို သူမမမြင်ဖူး
သော်လည်း နယ်ချဲ့တို့၏ဝရမ်းထုတ်ပုံတူပန်းချီ
များကို မြင်ဖူးနေကျမို့ မြင်သည်နှင့်သူမှန်းသိ
လိုက်၏။
အနက်ရောင် အဝတ်အစားနှင့်ဖြစ်ပြီး ငှက်
ကြီးတောင်ဓားကို ကျောလွယ်ထား၏။ ရင်၌
ရွှေရောင် လင်းယုန်ငှက်ပုံနှင့် မျက်နှာကိုတော့
ရွှေရောင် မျက်ကွင်းမျက်နှာဖုံးဖြင့်ဖုံးကွယ်ထား
၏။အမိ ဘာကြောင်ကြည့်နေတာလည်းသွား
တော့လေ...ထားရီ မှင်သက်နေမိရာမှ ရွှေလင်းယုန်၏
အသံကြားမှ သတိဝင်လာပြီး ရွာဘက်သို့ခြေ
သုတ်တင်ပြေးတော့၏။ဂါး...ဂရား...ဂီး...
သတ္တဝါကြီးက ရွှေလင်းယုန်ကို စူးစိုက်
ကြည့်ရင်း နောက်သို့အနည်းငယ်ဆုတ်သွား၏။
၎င်းက တိုက်ခိုက်ရန်ထက်ထွက်ပြေးရန်သာကြံ
စည်နေပုံရ၏။ရွှန်...ဝှစ်...
ရွှေလင်းယုန် ဓားကိုဓားအိမ်မှထုတ်လိုက်
ရင်း...ဓားမှာ ငွေရောင်တောက်ပမနေဘဲ ကြက်
သွေးရောင်လို အနီမှိုင်းမှိုင်းဖြစ်နေ၏။ သတ္တဝါ
ကြီးကလည်း ကိုးသင်္ချိုင်းဓားမှန်း ရိပ်မိဟန်ဖြင့်
အနည်းငယ်ရွံ့နေပုံရ၏။ဂီး.....ဂါး.....
"မင်းနဲ့ငါ ထပ်တွေ့ပြန်ပြီ....ဒီတစ်ခါမင်း
မလွတ်စေရဘူး...အပြစ်မဲ့သေခဲ့ရတဲ့လူသား
တွေအတွက် မင်းအသက်ကိုဒီနေ့အလျော်ပြန်
ပေးရမယ်....
မိစ္ဆာကောင် လူသားတွေငြိမ်းချမ်းဖို့အ
တွက် မင်းကိုငါရှင်းပစ်ရမှာပဲ...မင်းလည်းပြန်
တိုက်ဖို့အသင့်ပြင်ထား..."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇