အပိုင်း ၃၇ ဇာတ်သိမ်းပိုင်း

38 1 0
                                    


ရင်ကွဲတစ္ဆေ

                       အပိုင်း (၃၇)
                     (ဇာတ်သိမ်းပိုင်း)

    ကျွန်တော်နှင့်ဒေဝီ ရှိုင်းနေဖုန်းဆက်ခေါ်ရာနေ
ရာသို့ ကားကိုအမြန်ဆုံးမောင်း၍ ရောက်လာခဲ့ကြ
သည်။ ၁၅ မိနစ်ခန့်လောက်သာကြာခဲ့သည်။
    ရှိုင်းနေနှင့်မေရန်ငြိမ်းကို တွေ့သည်နှင့် ကျွန်တော်
ကားကို လမ်းဘေးချရပ်လိုက်ပြီး ကားပေါ်မှဆင်း
လိုက်သည်။ ဒေဝီလည်း ကျွန်တော်နည်းတူ ကား
ပေါ်မှ အမြန်ဆင်းလိုက်ပြီး ရှိုင်းနေတို့၂ယောက်ရှိ
ရာသို့ အပြေးတပိုင်းလျှောက်လာခဲ့ကြသည်။

     ဒေဝီက ရှိုင်းနေနှင့် မေရန်ငြိမ်းအနားရောက်
သည်နှင့် မေးလိုက်၏။

    "မမငြိမ်းတို့ ဘာလို့ဖုန်းဆက်တာလည်းဟင်
ဘာထူးခြားလို့လဲ...ရင်ကွဲဝိညာဉ်တစ်ခုကိုရှာ
တွေ့ပြီလား..."

    မေရန်ငြိမ်းက သက်ပြင်းချလိုက်ပြီး ခေါင်းခါပြ
လိုက်ရင်း

    "မတွေ့သေးဘူးညီမလေး...ဒါပေမယ့် မမတို့ကို
အမျိုးသား ဝိညာဉ်တစ်ခုက အကူအညီလာတောင်း
နေတယ်... ဟိုမှာလေ..."

     မေရန်ငြိမ်းညွှန်ပြရာသို့ ကျွန်တော်ရောဒေဝီပါ
လှမ်းကြည့်လိုက်သည်။ သနားစရာ ရုပ်သွင်ဖြင့် ညိုး
ငယ်စွာကြည့်နေသော အမျိုးသားဝိညာဉ်တစ်ခုကို
မျက်ကွင်းဆေးအစွမ်းဖြင့်တွေ့လိုက်ရသည်။

      ရှိုင်းနေက

     "သူ့နာမည်က မင်းမင်းတဲ့..."

    ရှိုင်းနေက ထိုဝိညာဉ်၏အကူအညီလိုအပ်နေပုံ
ကို အတိုချုံး၍ ကျွန်တော်နှင့် ဒေဝီ့ကိုပြောပြ၏။
   မကြာမီ ကြမ္မာဆိုးဝင်တော့မည့် မိန်းကလေးအား
ကယ်တင်လိုစိတ်ဖြစ်မိသော်လည်း ရှိုင်းနေနှင့်မေ
ရန်ငြိမ်း၏ ကျိန်စာအတွက်အချိန်မရှိတော့သည်ကို
လည်း အလွန်စိုးရိမ်နေမိသည်။

    ဒေဝီက ရှိုင်းနေနှင့် မေရန်ငြိမ်းကိုကြည့်ရင်း

    " ဒီဝိညာဉ်ရဲ့ ညီမလေးကို ကယ်တင်ပေးချင်
ပါတယ်...ဒါပေမယ့်...အခုအချိန်က မမငြိမ်းတို့
အတွက်...အာ...ဒေဝီလည်းဘာပြောရမှန်းကို
မသိတော့ပါဘူး..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Nơi câu chuyện tồn tại. Hãy khám phá bây giờ