19 1 0
                                    

သန္ဓေသားပျော်ရည်ဆေး
                          အပိုင်း(၅)

     တီ.......

     သူ၏သီးသန့်ခန်းမှတံခါးအချက်ပေးသံ
မြည်လာသဖြင့် ရန်ကြီးအောင် လူအရိုးခေါင်း
တစ်ခုကို သန့်ရှင်းရေးလုပ်နေရာမှ စားပွဲပေါ်
ချထားလိုက်ကာ တံခါးရှိရာလျှောက်လာခဲ့ပြီး
တံခါးအပြင်မှအခြေအနေကို ဒိုင်ခွင် Screenမှ
ကြည့်လိုက်၏။
     ဇော်မျိုးနှင့်သော်ဇင်ကိုမြင်လိုက်ရပြီး
ဇော်မျိုးလက်ထဲမှ ရှည်မျောမျောသေတ္တာလေး
ကိုပါ မြင်လိုက်ရသဖြင့် ရန်ကြီးအောင်မျက်နှာ
ပြုံးယောင်သမ်းသွား၏။

     ရန်ကြီးအောင်ကတံခါးကိုဖွင့်ပေးလိုက်
သည်နှင့် ဇော်မျိုးနှင့် သော်ဇင်တို့ အခန်းတွင်း
သို့ဝင်လာကြပြီး ရန်ကြီးအောင်ကို ခေါင်းညိမ့်ပြ
လိုကျကွ၏။
     သော်ဇင်က ရန်ကြီးအောင်ကို ပြောလိုက်၏။

     "ဆရာကြီး...ကျွန်တော်တို့ သားကောင်ရထား
ထာ လာပို့တာပါ... မနေ့ကတည်းက ရထားတာ
ပါ... ဆရာကြီးက အရေးကြီးကိစ္စတစ်ခုကြောင့်
မနေ့ညက ပြန်မလာတာနဲ့ ကျွန်တော်တို့ဒါကို
အအေးခန်းထဲ ထည့်ထားခဲ့ရတာ..."

     ရန်ကြီးအောင်က ၎င်းတို့၂ယောက်အား
ပြုံး၍ ကြည့်လိုက်ပြီး ဇော်မျိုးကမ်းပေးလာ
သော ရှည်မျောမျောအထုတ်လေးကို လှမ်း
ယူလိုကျ၏။

     "အေး... ကောင်းတယ်... ငါ့အတွက် သား
ကောင်မပြတ်လပ်ရအောင် အမြဲကူညီကြတဲ့
ငါ့တပည့်တွေကို အရမ်း ကျေးဇူးတင်တယ်...
     မင်းတို့အတွက် ပုံမှန်ဆုကြေးအပြင် အပို
ဆုထပ်ပေးပြီး ဆုထပ်ချပေးမယ်..."

     ရန်ကြီးအောင်က သော်ဇင့်ကိုပြုံး၍ကြည့်
ရင်း

     "သော်ဇင်... မင်းကြိုက်တဲ့ ဆယ်လီမလေး
ရတီသော့်ကို မနက်ဖြန်ညမင်းအတွက် ဒိတ်
ပေးမယ် အိုခေလား..."

     သော်ဇင် ပြုံး၍ ရန်ကြီးအောင်ကိုပြန်
ကြည့်ရင်း

     "ကျေးဇူးတင်ပါတယ် ဆရာကြီး...
သူက စျေးကြီးလို့ ကျွန်တော် ငွေချိန်နေရ
တာ... ခေါ်ချင်နေတာကြာပြီ ဟဲ...ဟဲ...
ဒါနဲ့ဆရာကြီးက ကျွန်တော် ရတီသော့်ကို
သွေးဆူနေတာကို ဘယ်လိုလုပ်သိတာလဲ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now