အပိုင်း ၁၀

42 3 0
                                    

ကယ်တင်ရှင်သေမင်း
အပိုင်း(၁၀)

      ရှိုင်းနေ ခေါင်းကို ဦးသီဟအုပ်ကိုင်လိုက်ပြီး
မန္တာန်တစ်ခုကိုရွတ်လိုက်ရင်း ရေမန်းအနည်း
ငယ်ကို ရှိုင်းနေခေါင်းပေါ်​ေလာင်းချလိုက်၏။

     "ရှိုင်းနေ..."

     "ဗျာ.. ဦးလေး "

   "မင်း ဘယ်သူ့ကိုမဟုတ်တာလုပ်မိသေးလဲ..."

      "ဟာ... မလုပ်ပါဘူးဗျာ... "

       "မိစ္ဆာက မင်းတို့၄ ယောက်ထဲက မင်းကိုပဲ
ရွေးပြီး ရန်ပြုနေတာဆိုတော့ မင်းကိုမကျေနပ်
လို့ ဒုက္ခပေးတာဖြစ်မှာပေါ့..."

     "မသိတော့ပါဘူး ဦးလေးရယ် ကျွန်တော်က
ပျော်ပျော်နေတက်ပေမယ့် သူတပါးကို ဒုက္ခ
ပေးတက်တဲ့ စိတ်ယုတ်မျိုးတော့ မရှိပါဘူးဗျာ..."

      ဦးသီဟက ခေါင်းညိမ့်လိုက်ရင်း

      "အင်း... ဟုတ်ပါတယ်... ပြောမယ့်သာ
ပြောရတာ မင်းကကူညီချင်စိတ်ရှိပြီး သူများ
ကိုဒုက္ခပေးလေ့မရှိပါဘူး...
      ဒါပေမယ့် မင်းကတချို့အရာတွေကို ပေါ့ပေါ့
ဆဆ လုပ်တက်တာကြောင့် မင်းမသိလိုက်ဘဲ
လုပ်မိတဲ့ အမှားလည်း ရှိနိုင်သေးတယ်လေ..."

     "မသိတော့ပါဘူးဗျာ... ဘယ်လိုအောက်လမ်း
သမားက ဘာအကြောင်းကြောင့် ကျွန်တော့်ကို
အခုလို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလဲမသိ
ပါဘူး... အကြောင်းရင်းကို သိချင်မိတယ်ဗျာ..."

     မေရန်ငြိမ်းက ဦးသီဟကိုရိုကျိုးစွာကြည့်
ရင်း

      "ရှိုင်းနေကို သေစေချင်လို့တိုက်ခိုက်ပေမယ့်
တခြားသူတွေကို မိစ္ဆာကနာကျင်ရုံပဲ တုံ့ပြန်
တယ် အသက်ကိုရန်မရှာဘူး...
      အောက်လမ်းသမားက အဲ့ဒီ့နတ်ဆိုးကို
ရှိုင်းနေတစ်ယောက်ထဲအတွက် ရည်ရွယ်ပြီးစေ
ခိုင်းခဲ့တာဖြစ်မယ် ဦးလေး..."

      ဦးသီဟက ခေါင်းညိမ့်လိုက်ရင်း

       "ဟုတ်တယ် သမီးငြိမ်း... ရှိုင်းနေကိုပဲ
ဦးတည်ပြီးတိုက်နေတာတော့စဉ်းစားစရာ
ပဲ... အင်း... အကြောင်းတော့ရှိမှာပေါ့..."

      ဒေဝီက

     "တိုက်နွား၊တိုက်ကျားတွေထက် ကမ္မဇိဒ္ဓိမြင့်
တဲ့အနက်ရောင်မိစ္ဆာ.... နတ်ဆိုးတစ်ကောင်လောက်
ကို အင်အားကြီးတယ်ဖေဖေ...
      သမီးတစ်ယောက်တည်းဆိုရင် သူ့ကိုမနိုင်
လောက်ဘူး... အားလုံးစည်းစည်းလုံးလုံးရှိလို့
သာ အနိုင်ရခဲ့တာ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now