ဇာတ်သိမ်းပိုင်း

21 0 0
                                    

အသက်ခြွေကုတင်
               အပိုင်း(၉) {ဇာတ်သိမ်းပိုင်း}

     ဝေါ....

     ရုတ်တရက်  မေရန်ငြိမ်းရှိနေသော အနောက်
ဘက်မှ နံရံသည်သူမရှိနေသော နေရာသို့ ၆ပေ
ပတ်လည်ခန့်လောက် သီးခြားအကန့်တစ်ခု
အဖြစ် ဖောင်းထွက်လာကာ ထိုနံရံအစိတ်အ
ပိုင်းက သူမ၏ကျောပြင်ရှိရာသို့ တဖြည်းဖြည်း
ရွေ့လျားလာနေ၏။
     ထိုနံရံသည် ပြောင်ချောမဟုတ်ဘဲ နံရံအ
ပြည့် သံချွန်တို့အပြည့်ရှိနေပြီး မေရန်ငြိမ်းထို
ရွေ့လျားလာသော နံရံကိုလှည့်ကြည့်လိုက်ရင်း
ပြင်းပြစွာ စိတ်လှုပ်ရှားမိသော်လည်း ဆုံးဖြတ်
ထားပြီးသော ဆန္ဒအတိုင်း သံကြိုးကိုသာ
အံကျိတ်၍ ဆွဲထားမြဲဖြစ်၏။

     ရှိုင်းနေရော မေရန်ငြိမ်းပါ နတ်မိစ္ဆာနှယ်
ကမ္မဇိတ္ထိအင်အား အစွမ်းကြီးလှသော
ဝိညာဥ်ကောင်ကြီး၏ လှည့်စားမှုကြောင့် စိတ်
ကို ပြင်ဆင်ထားလျက်ကြားမှပင် သူတို့၂
ယောက်ကြုံတွေ့နေရသော ယခုအချိန်သည်
အိပ်မက်တစ်ခုအတွင်း၌ ဖြစ်သည်ဟူသော
အချက်ကိုပင် မေ့လျော့သွားခဲ့ကြသည်။

     သံဆူးများအပြည့်ရှိနေသော နံရံကြီးက
မေရန်ငြိမ်းနှင့် နီးကပ်သထက် နီးကပ်လာ၏။
သူမ သံကြိုးကို အားခဲကာ ဆွဲထားဆဲဖြစ်ပြီး
ရှိုင်းနေက မေရန်ငြိမ်း၏ ကျောပြင်နှင့်နီး
ကပ်လာသော သံချွန်များကို အထိတ်တလန့်
ကြည့်ရင်း

     " ငြိမ်း....ငြိမ်း မဖြစ်ဘူး.... ငါ့မသေဘဲ
နင်သေတော့ရော ဘာထူးမှာလဲဟ.... မလုပ်
နဲ့တော့ ကြိုးကိုလွှတ်လိုက်တော့ငြိမ်း...."

     မေရန်ငြိမ်းက ရှိုင်းနေကိုခေါင်းခါပြရင်း

     "ရွေးချယ်ခွင့်က ငါ့မှာရှိနေတာလေ....
နင်လည်း ရွေးချယ်ခွင့်ရှိရင် ငါ့လိုပဲလုပ်မယ်
ဆိုတာ ငါသိတယ်....
     ငါလွတ်ဖို့အတွက်နဲ့ နင်ကိုဘယ်လိုစိတ်နဲ့
စတေးရမှာလဲ ရှိုင်းနေရယ်...."

     မေရန်ငြိမ်းက သံကြိုးကို အားတင်း၍
ဆွဲထားရင်းပြောလိုက်၏။

     မေရန်ငြိမ်း၏ အနောက်ဘက်မှ သံဆူးချွန်
တို့အပြည့်ပါသော နံရံကြီးက သူမကျောပြင်
ရှိရာ တအိအိဖြင့် ကပ်လာသည်မှာ သံဆူး
တို့သည် သူမ၏ ကျောနှင့် ထိလုထိခင်ပင်
ဖြစ်လာတော့သည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora