ရင်ကွဲတစ္ဆေအပိုင်း(၁)
လူသူရှင်းသော မြို့ပြင်နေရာဖြစ်သော
ကြောင့် ကားလမ်းမကြီးတွင် တစ်ခါတစ်ရံဖြတ်
မောင်းသွားသော ကားစက်သံများမှလွှဲ၍ တိတ်
ဆိတ်ခြင်းတို့သာ ကြီးစိုးနေ၏။ပုံမှန်အရှိန်ဖြင့်မောင်းလာသော ကားတစ်
စီးမှာလေဆန်ကိုတိုးလျှက် တောင်မှမြောက်သို့
တရွေ့ရွေ့ သွားနေ၏။
ထိုကား၏နောက်ဖက် မလှမ်းမကမ်း
မှကားတစ်စီးမှာ တဖြည်းဖြည်းနှင့် အရှေ့ကား
ကိုမှီလာ၏။ အရှေ့မှကားကလည်း အနောက်
ဖက်မှကားသည် တမင်အမှီလိုက်လာသည်ကို
ရိပ်မိလာသည်။ ကားမောင်းနေသော ဒရိုက်ဘာ
မျက်နှာကွက် ကနဲပျက်သွားပြီး နံဘေးခုံရှိလူ
အား ကြည့်လိုက်ရင်း..."ဟေ့ကောင်...နောက်ကကားက ငါတို့
နောက်လိုက်နေသလိုပဲ... ရဲတွေဘာတွေဖြစ်နေ
ရင် ပြသနာပဲ..."နံဘေးခုံမှလူက အရေးမစိုက်ဟန်ဖြင့်
"ရဲဖြစ်နေလည်း ေ-ာက်ဂရုစိုက်စရာမလို
ပါဘူးကွာ ညှိနှိုင်းလိုက်ရင်အဆင်ပြေမှာပါ...
အကျင့်ပျက်ခြစားမှုမရှိတဲ့ ပုံပြင်ထဲက ရဲမျိုးဆို
ရင်တော့ မင်းနဲ့ငါ ကံဆိုးတာပဲ.... ဒါပေမယ့်
စိတ်မပူပါနဲ့....တချို့အရာတွေက ပုံပြင်ထဲမှာ
ပဲရှိတာပါ...ဟား...ဟား...ဟား....."ဝေါ....ဝဝေါ....ကျွီ.......
ရုတ်တရက် အနောက်ဘက်မှကားမှ
အရှေ့ကားကို ကျော်တက်လိုက်ကာ အရှေ့မှ
ဝိုက်၍ ကန်းလန့်ဖြတ်ပိတ်ရပ်လိုက်ခြင်းဖြစ်၏။ပိတ်ရပ်လိုက်သော ကားအတွင်းမှ
လူ၂ယောက်ဆင်းလာပြီး..."ကဲ..မိတ်ဆွေတို့ ကျုပ်တို့ခင်ဗျားတို့ကား
ကို စစ်ဆေးစရာရှိနေလို့ခွင့်ပြုပေးပါ...တာဝန်
အရမို့လို့ပါ..."ပိတ်အရပ် ခံရသောကားအတွင်းမှ လူ
၂ယောက်လည်း ဆင်းလာ၏။ ၎င်းတို့၏မျက်
နှာများက စိတ်အနှောက်အယှက်ဖြစ်နေပုံရ
သော်လည်း ထိတ်လန့်နေဟန်တော့မရှိပါ။တစ်
ယောက်က ကားပိတ်ရပ်သူ၂ယောက်ကိုမေး
လိုက်၏။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇