အခန်း ၆

109 4 0
                                    


အပိုင်း(၆)

          နှစ်ယောက်စလုံး မျက်နှာချင်းမဆိုင်ဖြစ်
သည်မှာ ရက်အတန်ကြာပြီဖြစ်သော်လည်း ပြောစရာ
စကားလုံးတို့ရှားပါးနေကြသလိုပင် နှစ်ယောက်
စလုံးတိတ်ဆိတ်နေကြ၏။ထင်လင်း၏ မျက်ဝန်းတို့မှာ
ယခင်လိုနူးညံ့ကြင်နာမှုများပျောက်ဆုံးနေသည်ဟု နှင်း
ကဗျာထင်မိသည်။

           "ကို.... သီရိနဲ့လက်ထပ်တော့မယ်
နှင်း..."

           မျှော်လင့်ထားပြီးသားဖြစ်သော်လည်း
နှလုံးသားကို တိုက်ရိုက်နင်းချေလိုက်သော စ
ကားလုံးဖြစ်သည်မို့ နှင်းကဗျာ ရင်ထဲနင့်ကနဲ
ခံစားလိုက်ရသည်။ တားဆီးမရသော မျက်ရည်
တို့က မျက်ဝန်းအိမ်မှ လျှံကျလာတော့သည်။

           "ရက်...ရက်စက်လိုက်တာအစ်ကိုရယ်...
နှင်းမှာဘာအပြစ်ရှိလို့လဲ..."

          " ကိုတောင်းပန်ပါတယ်...နှင်းမှာဘာ
အပြစ်မှ မရှိပါဘူး...ဒါပေမယ့်...သီရိရဲ့မိဘတွေ
က ကို့ဖေဖေစီးပွားရေးအဆင်မပြေဖြစ်ပြီး
ဘဝပျက်မလို ဖြစ်တုန်းက ဒီအခြေအနေပြန်
ရောက်အောင် ကူညီခဲ့ကြဖူးတယ်...
           သီရိမိဘတွေရဲ့ ကျေးဇူးတွေက ကိုတို့
မိသားစုအပေါ်မှာရှိခဲ့တယ်...
       အခု သီရိမိဘတွေက သူတို့ရဲ့တစ်ဦးတည်း
သောသမီး သီရိနဲ့ ကို့ကိုနေရာချထားပေးချင်
တယ်လို့ မိန်းကလေးရှင်တွေတန်မဲ့ တောင်းဆို
လာတယ်...ကို ဘာလုပ်ရမလဲ....."

            "အဲ့ဒါနဲ့...ဟော့ဒီ့က အညတရအစုတ်ပ
လုတ်မလေး နှင်းကို ကန်ထုတ်ပြီး ရွှေမင်းသမီး
ကို လက်တွဲတော့မယ်ဆိုပါတော့...ဟုတ်လား
အကို...
           ဟင့်...အဟင့်... အစ်ကိုသိပ်ရက်စက်
တယ်... အစတည်းက နှင်းကိုဘာလို့ချစ်ခဲ့သေး
လဲ...နှင်းအစ်ကို့ကို အရမ်းချစ်တာ...အစ်ကိုသိ
လား.... အခု..နှင်းရဲ့နှလုံးသား...သေရာပါဒဏ်
ရာရသွားပြီ...
           တကယ်တန်းကျတော့...အစ်ကို နှင်းလို
အခြေအမြစ်မရှိတဲ့ကောင်မလေးကို တစ်သက်
လုံး လက်မတွဲရဲပါဘူး...အင်းပေါ့လေ...တဲစုတ်
ကလေးမှာ နန်းတော်ကရွှေမင်းသားကပျော်
တယ်ပြောပေမယ့်...တစ်သက်လုံးတော့ဘယ်နေ
နိုင်ပါ့မလဲ...  နှင်းရင်တွေကွဲနေပြီ...နှင်းရူးတော့
မယ်... အစ်ကိုအစကတည်းက ဒီလိုဖြစ်လာနိုင်
တယ်ဆိုတာတွေးရင် နှင်းကို ချစ်သူမတော်ခဲ့
သင့်ဘူး....
           နှင်းကလည်းမိုက်တာပါ...ကိုယ့်ဘဝ
ကိုယ်မသိဘဲ... အစ်ကို့ရဲ့သစ္စာစကား အတုအ
ယောင်တွေကို ယုံကြည်ခဲ့မိတယ်...နှင်းရဲ့အပြစ်
ပဲ ရှိပါစေတော့...."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now